Header Ads

Breaking News
recent

ရင်သားလှအောင် ထိန်းသိမ်းစောင့်ရှောက်နည်း ( ၁ )



ရင်သားလှအောင် ထိန်းသိမ်းစောင့်ရှောက်နည်း (၁)
အမျိုးသမီး အများစုဟာ တင်းတင်းရင်းရင်းနဲ့ လှပတဲ့ ပုံသဏ္ဌာန် ရှိတဲ့ရင်သားကို ပိုင်ဆိုင်ချင်ကြ ပေမဲ့လည်း ဒီလိုပိုင်ဆိုင်နိုင်ဖို့ ဆိုတာ ထင်သလောက် မလွယ်ကူလှပါဖူး။
ရင်သားလျှော့ကျလာတယ်ဆိုတာ အသက်အရွယ် ကြီးလာတာနဲ့အမျှ ရှောင်လွဲလို့မရတဲ့ အခြေအနေ တခုလဲဖြစ်ပါတယ်။ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ သတ္တိလျှော့ကျလာတာနဲ့ အမျှ ရင်သားဟာ စတင် တွဲကျလာပါတယ်။
များသောအားဖြင့် အမျိုးသမီး အများစုဟာ အသက် ၄၀ဝန်းကျင်ခန့်မှာ ရင်သား အရေပြား တင်းမာမှု လျှော့ကျလာတာကို သတိပြုနိုင်ကြပါတယ်။ ဒါပေမဲ့ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အဲဒိအရွယ် မတိုင်ခင်မှာလဲ ဖြစ်တတ်ကြပါတယ်။
ဖြစ်နိုင်တဲ့ အကြောင်းအရာ များစွာရှိတဲ့အထဲက နို့တိုက်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ သွေးဆုံးခြင်း၊ ကိုယ်အလေးချိန် အလျှင်အမြန် တိုးတက်လာခြင်း သို့မဟုတ် လျှော့ကျသွားခြင်း၊ အဟာရဓာတ် မပြည့်ဝခြင်းနှင့် ကိုယ်ခန္ဓာနှင့်ကိုက်ညီမှု မရှိသည့် ဘရာစီယာ ဝတ်ဆင်ခြင်းတို့သည် ရင်သား အိတွဲ လာစေသည့် အကြောင်းအရာတချို့ ဖြစ်ကြသည်။
ရင်သားကင်ဆာ၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများ နှင့် အဆုပ်ရောဂါတို့သည်လည်း ရင်သား အရေပြားကို လျော့ရဲစေသည်။ ထို့ပြင် ဆေးလိပ်အလွန်အကြွံသောက်ခြင်း၊ အရက်နှင့် အမြုပ်ထသော အချိုရည် အများအပြား သောက်ခြင်းတို့ကလဲ အကြောင်းရင်းခံ တချို့တို့ဖြစ်သည်။
ရင်သားဟာ အဆီ၊ ဆက်စပ်နေသော တစ်ရှုးများနှင့် နို့ရည်ထုတ်လုပ်ပေးသော ဂလင်းများနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့အတွက် တင်းရင်းလှပတဲ့ ရင်သားဖြစ်စေရန် သင့်တော်သော ဂရုစိုက်မှု လိုအပ်တဲ့အတွက် အောက်ဖေါ်ပြပါ သဘာဝနည်းများဖြင့် စောင့်ရှောက်နိုင်ကြပါတယ်။
သခွားသီးနှင့် ကြက်ဥအနှစ်
သခွားသီးဟာ သဘာဝ အသားအရေကို စိုပြည်စေတဲ့ သတ္တိရှိပြီး ကြက်ဥအနှစ်ကတော့ ပရိုတိန်းနှင့် ဗိုက်တာမင် အများအပြားပါဝင်တဲ့အတွက် ရင်သား အရေပြား ပြန်လည်တင်းလာအောင် ပြုလုပ်ရာမှာ မယုံကြည်နိုင်အောင် အစွမ်းထက်ပါတယ်။
ပြုလုပ်ဖို့အတွက်ကတော့
သခွားသီးတစ်လုံးကို အခွံမနွာပဲ ပါးပါးလှီးလိုက်ပြီး မွှေစက်ထဲမှာ ကြေညက်အောင်လုပ်ပါ။
ကြက်ဥအနှစ် တစ်လုံးနှင့် ထောပတ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ထဲ့မွှေ၍ အရည်ပျစ်ပျစ် ရအောင် လုပ်ပါ။
ပြီးရင် ရင်သားပေါ်မှာသုတ်လိမ်းထားပြီး တစ်နာရီခွဲခန့် ထားပါ။
ပြီးရင်တော့ ရေအေးနဲ့ စင်ကြယ်အောင် ဆေးကြောပါ။
ဒီနည်းကို ရင်သား တစ်ရှုးတွေ ပြန်လည်တင်းရင်း လာဖို့အတွက် တပတ်လျှင် တကြိမ်ပြုလုပ်ပါ။
ကြက်ဥ အကာ
အရေပြားကို စေ့၍ အဟာရဓာတ် ပေးနိုင်တဲ့ ကြက်ဥ အကာဟာ အိတွဲကျနေတဲ့ ရင်သားတွေ အတွက် အလွန်အသုံးဝင်ပါတယ်။ ရင်သားဝန်းကျင် တဝိုက်မှာရှိတဲ့ အရေပြားတွေကို မတင်ပေးနိုင်သည်။
ကြက်ဥ အကာကို အမြုပ်ထအောင် ခလောက်ပါ။ ပြီးရင် ရင်သားတဝိုက်က အရေပြားတွေပေါ်မှာ လိမ်းပါ။ တစ်နာရီခွဲကြာအောင် ထားပါ။
ပြီးရင် သခွားသီး သို့မဟုတ် ကြက်သွန်နီ နှင့် ရောစပ်ထားသော ရေအေးနှင့်ဆေးပါ။
တပတ်လျှင် တကြိမ်ပြုလုပ်နိုင်သည်။
အပိုင်း (၂) ကိုနောက်ပို့စ်တွင် ဆက်ရေးပါမည်။
ဆက်စပ်ပို့စ်များဖတ်ရန်။
ရင်သားကင်ဆာကို သဘာဝနည်းများဖြင့် ကာကွယ်နည်းများ။(http://wp.me/p4XsLz-2J)
“ရင်သားနှင့် အရေပြားကင်ဆာအတွက် ဖျော်ရည်”( http://wp.me/p4XsLz-3R)
ဝင်းလှိုင်ဦး
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ

No comments:

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။. Powered by Blogger.