>>>>>
Zawgyi Version <<<<<
အမျိုးသမီးအင်္ဂါ
vaginalis ဆိုတဲ့
(၁) ရေခဲဖြင့်ပွတ်ပေးပါ
အချို့အခြေအနေမှာ
အသုံးပြုကာ သန့ှ်ရှင်းအောင် ဆေးကြောပါ။
(၂)
သီးသန့်သုံးပါ
ရေချိုးဆပ်ပြာ၊
(၃) Moisturizer ကို
သုံးပါ
မခံရပ်နိုင်အောင်
(၄)
ဆရာဝန်နဲ့ပြသပါ
(၅) ရေယုံပေါက်လျှင်
ရေယုံပေါက်လျှင်လည်း
မဒီလေး (Shwemom)
>>>>>
Unicode Version <<<<<
အမျိုးသမီးအင်္ဂါယားယံခြင်းနှင့်
ပျောက်ကင်းအောင်ကုသနည်းများ
အမျိုးသမီးအင်္ဂါ ယားယံခြင်းဟာ မှိုရောဂါကြောင့်၊ Trichomonas vaginalis ဆိုတဲ့ ကပ်ပါးပိုးကြောင့်၊ ပဋိဆေးဝါးတွေနဲ့ ဓာတ်မတည့်မှုကြောင့်၊ ဘက်တီးရီးယားကြောင့်၊ ရေယုန်ရောဂါပိုးကြောင့်၊ ဘလိက်ဓားကဲ့သို့သော သန့်ရှင်းရေးကိရိယာနဲ့ မတော်တဆ ခြစ်ရှမိခြင်းကြောင့်၊
ဟိုမုန်းအပြောင်းအလဲကြောင့် ဆိုပြီး ဖြစ်တတ်ပါတယ်။
ဒီအခြေအနေမှာ အမျိုးသမီးတွေက လက်နဲ့ ကုတ်ခြင်း၊
အဝတ်စတစ်ခုခုနဲ့ ပွတ်ခြင်းတွေ လုပ်တတ်လို့ အဲဒီလို လုပ်မယ့်အစား
အောက်ပါနည်းအတိုင်း လိုက်နာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
(၁)
ရေခဲဖြင့်ပွတ်ပေးပါ
အချို့အခြေအနေမှာ ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေခဲအိပ်တစ်ခုခုနဲ့ ပွတ်ပေးပါ။ ဆယ်မိနစ်လောက် ကြာရင် သန့်ရှင်းတဲ့
တဘက်တစ်ခုနဲ့ ရေကျက်အေးကို အသုံးပြုကာ သန့်ှရှင်းအောင် ဆေးကြောပါ။
(၂)
သန့်ရှင်းရေးဆပ်ပြာကိုသာ
သီးသန့်သုံးပါ
ရေချိုးဆပ်ပြာ၊ အမွှေးအနံ့ပါတဲ့ ဆပ်ပြာတွေ၊ ပေါင်ဒါတွေ၊ သန့်ရှင်းရေလုပ်တဲ့အခါမှာ တစ်ရှုးစက္ကူကနေ ကူးစက်တဲ့ ဓာတ်မတည့်မှုကြောင့် မအင်္ဂါ အရေအပြား
ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အနံ့မပါသော မအင်္ဂါသန့်ရှင်းရေး
အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဆပ်ပြာမျိုးကိုသာ သုံးသင့်ပါတယ်။
(၃)
Moisturizer ကို
သုံးပါ
မခံရပ်နိုင်အောင် ယားယံတဲ့အခါမျိုးမှာ လက်နဲ့ကုတ်ဖဲ့ခြင်းဟာ အခြားဘေးထွက်ဆိုးကျိုးတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အထူးစီမံ ဖော်စပ်ထာတဲ့
Cream ကို သုံးဖို့လိုပါတယ်။ ဒီအတွက်လည်း ကြိုတင်ဝယ်ယုထားဖို့ လိုပါတယ်။ ယားယံတဲ့အခါ သုတ်လိမ်းဖို့အတွက် သီးသန့်
Moisturizer ရှိပါတယ်။
(၄)
ဆရာဝန်နဲ့ပြသပါ
အကယ်၍ ယောနိအတွင်းပိုင်းမှာတောင် ယားယံတယ်၊ အနံ့ပြင်းပြီး ၀ါညစ်ညစ် အရည်တွေ ဆင်းတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ကုသဖို့ လိုပါတယ်။
အကြောင်းကတော့ ဒီအခြေအနေဟာ လိင်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုကို ခံစားနေရတဲ့ လက္ခဏာလို့ သတ်မှတ်လို့ရပါတယ်။ မပေါ့ဆဖို့ လိုပါတယ်။
(၅)
ရေယုံပေါက်လျှင်
ရေယုံပေါက်လျှင်လည်း ဆရာဝန်ကို ပြသဖို့ လိုပါတယ်။
မြန်မြန်ပြလေ ပိုကောင်းလေပါဘဲ။ မဟုတ်ရင် အရုပ်ဆိုးတဲ့
အနာရွတ်တွေ ကျန်ရစ်တတ်ပါတယ်။ လိမ်းဆေး၊ ထိုးဆေး၊ စားဆေးကို
ဆရာဝန်က ညွှန်ကြားပါလိိမ့်မယ်။ ဒါကလည်း မပေါ့ဆသင့်တဲ့
အခြေအနေ ဖြစ်ပါတယ်။
မဒီလေး (Shwemom)
No comments: