Header Ads

Breaking News
recent

ဓမ္မတာလာနေစဉ် တဲကုပ်အတွင်း သီးခြားခွဲထားခံရတဲ့ နီပေါမိန်းကလေး သေဆုံး

ဓမ္မတာလာနေစဉ် တဲကုပ်အတွင်း သီးခြားခွဲထားခံရတဲ့ နီပေါမိန်းကလေး သေဆုံး
++++++++++++++++++++++++++++++++++++++++++++++

အမျိုးသမီးငယ်ဟာ အဆိုပါဒေသအတွင်း ဓမ္မတာလာနေစဉ် သီးခြားခွဲထားရာမှ သေဆုံးခဲ့တဲ့ ဒုတိယမြောက် အမျိုးသမီး ဖြစ်ပါတယ်။
နီပေါနိုင်ငံ အနောက်ပိုင်းမှ အမျိုးသမီးငယ်တစ်ဦးကို အမျိုးသမီးသဘာဝ ဓမ္မတာလာနေစဉ် တိရစ္ဆာန်များထားရာ တဲကုပ်အတွင်း သီးခြားခွဲထားခဲ့ရာမှ မွန်းကျပ်သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို လေဝင်လေထွက်မကောင်းတဲ့ တိရစ္ဆာန်တဲကုပ်အတွင်း သီးခြားခွဲထားခဲ့တာ ဖြစ်ပါတယ်။
ဓမ္မတာလာနေတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေကို သီးခြားခွဲထားတဲ့ ဟိန္ဒူဓလေ့တစ်ခုအရ ထိုသို့ သီးခြားခွဲထားခဲ့တာလို့ ဆိုပါတယ်။ ရိုရှန်နီတီရူဝါ အမည်ရှိ အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းကို သူမရဲ့ဖခင်က တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၉ ရက်) မနက်အစောပိုင်းမှာ တဲကုပ်အတွင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ၎င်းတို့မိသားစုဟာ နီပေါမြို့တော် ခန္တမန္ဒူမှ ၂၇၅ မိုင်အကွာ အာ့ချမ်ခရိုင် ဂက်ဂ်ျရာကျေးရွာလေးမှာ နေထိုကြကြောင်း သိရပါတယ်။
မိန်းကလေးငယ်ဟာ မွန်းကျပ်သေဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်း နီပေါရဲတပ်ဖွဲ့က ပြောထားပါတယ်။ သေဆုံးခဲ့တဲ့ အမျိုးသမီးငယ်ဟာ တဲကုပ်အတွင်း မအိပ်ခင်မှာ အအေးသက်သာစေရန် မီးလှုံခဲ့သေးကြောင်းလည်း သိရပါတယ်။ ယခု အမျိုးသမီးငယ်ဟာ အဆိုပါဒေသအတွင်း ဓမ္မတာလာနေစဉ် သီးခြားခွဲထားရာမှ သေဆုံးခဲ့တဲ့ ဒုတိယမြောက် အမျိုးသမီးလည်း ဖြစ်ပါတယ်။

ဟိန္ဒူဓလေ့တစ်ခုအရ အမျိုးသမီးတွေနဲ့ မိန်းကလေးများဟာ ဓမ္မတာလာနေစဉ်အတွင်း မစင်ကြယ်ကြောင်း အယူအဆကြောင့် ၎င်းတို့ကို တဲကုပ်ငယ်အတွင်း  သီးခြားခွဲထားလေ့ရှိကြောင်း သိရပါတယ်။ အဆိုပါ ဓလေ့ကို ၂၀၀၅ ခုနှစ်မှာ တားမြစ်ပိတ်ပင်ခဲ့ပေမဲ့ နီပေါနိုင်ငံ အစွန်အဖျားဒေသတွေမှာ ဆက်လက် ကျင့်သုံးနေတယ်လို့ ဆိုပါတယ်။
ဓမ္မတာလာစဉ် ထိုသို့ သီးခြားခွဲထားရာမှာ တောကောင်များ တိုက်ခိုက်ခံရမှု၊ မြွေကိုက်ခံရမှုတို့ကြောင့် သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် တိရစ္ဆာန်များထားရှိရာ တဲကုပ်အတွင်း သီးခြားခွဲထားခံရတဲ့ အမျိုးသမီးတွေဟာ မုဒိမ်းကျင့်ခံရမှုလည်း ရှိခဲ့ကြောင်း သိရပါတယ်။
"ဒီလို ဓလေ့ကို ပယ်ဖျက်ပစ်ဖို့ အစီအစဉ်မျိုးစုံနဲ့ ဆောင်ရွက်ခဲ့ပါတယ်၊ ဒါပေမဲ့ အစွန်အဖျားဒေသက လူအဖွဲ့အစည်းကြားမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ဓလေ့ဆိုတော့ အလျင်အမြန် ပယ်ဖျက်ဖို့ ခက်ခဲနေပါတယ်" လို့ နီပေါနိုင်ငံ အမျိုးသမီးနဲ့ကလေးငယ်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူ ဘီနီတာ ဘတ်တာရိုင်းက ပြောပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ခံယူချက်နဲ့ သဘောထားအမြင်ကို ပြောင်းလဲမှုဟာ အချိန်ယူရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းလည် ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။
Source & Photo: BBC, AFP

No comments:

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။. Powered by Blogger.