Header Ads

Breaking News
recent

ယောနိပံစံမူမမှန်ဖြစ်နေတဲ့ သမီးကို ခွဲစိတ်ဖို့ ဒေါက်တာဆီကို ခေါ်သွားခဲ့တဲ့မိခင်



ယောနိပုံစံမူမမှန်ဖြစ်နေတဲ့ သမီးကိုခွဲစိတ်ဖို့ ဒေါက်တာဆီကိုခေါ်သွားခဲ့တဲ့မိခင်


အသက်(15)နှစ်အရွယ်သာ ရှိသေးတဲ့ Alana (အမည်လွှဲ) အမည်ရတဲ့ ကောင်မလေးကတော့ သူမရဲ့ မျိုးပွားအင်္ဂါဟာ ပုံမှန်အနေအထား မဟုတ်တဲ့အတွက် မိခင်ဖြစ်သူကို ဖွင့်ဟတိုင်ပင်ခဲ့ပါတယ်။ တကယ်လည်း သူမရဲ့ မျိုးပွးအင်္ဂါ အတွင်း
နှုတ်ခမ်းကြီးဟာ အပြင်နှုတ်ခမ်းကြီးကို ကျော်လွန်ကာ အပြင်ကိုထွက်နေခဲ့ပြီး ပုံပျက်ပန်းပျက် ဖြစ်နေခဲ့ပါတယ်။
ဒါကြောင့်မို့လို့ မိခင်ဖြစ်သူကလည်း Alana ဟာ ဆေးပညာဆိုင်ရာ အကူအညီလိုအပ်နေပြီဆိုတာကို သိလို့ ဒေါက်တာဆီကို ခေါ်သွားခဲ့ပါတယ်။ ယခင်က အသက်အရွယ်မပြည့်သေးသူတွေကို မျိုးပွားအင်္ဂါခွဲစိတ်မှုပြုလုပ်ပေးဖို့ ငြင်းဆန်ခဲ့တဲ့
ဆရာဝန်တွေကြောင့် ပြည်သူတွေက အများအားဖြင့် အမျိုးသမီးတွေက ဆန္ဒထုတ်ဖော်ပွဲ လုပ်ခဲ့ရာ တရားရုံးက ပြည်သူ
တွေကို အနိုင်ပေးခဲ့တဲ့ ဖြစ်ရပ်တစ်ခု သမိုင်းမှာ ဖြစ်ခဲ့ဖူးပါသေးတယ်။


ဒါပေမယ့် အသက်မပြည့်သူတွေ လိင်ပိုင်းဆိုင်ရာ ခွဲစိတ်မှုလုပ်ဖို့အတွက် မိဘနဲ့ ကာယကံရှင်ဖြစ်သူရဲ့ သဘောတူညီချက်
က အထူးလိုအပ်ပါတယ်။ Alana ကို ဆရာဝန်တွေက လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး ခွဲစိတ်မှုကို လက်ခံခဲ့ပါတယ်။ Royal Australian and New Zealand College of Obstetricians and Gynaecologists ရဲ့ ပါမောက္ခကြီး Steve Robson က ခွဲစိပ်မှုကို ဦးဆောင်ခဲ့ပါတယ်။

Steve Robson က အရင်ကတော့ အသက်မပြည့်သေးတဲ့ ကလေးတွေ လိင်ပိုင်းဆိုင်ရာ ခွဲစိတ်မှုတွေကို ဆေးရုံက
တရားဝင် တာဝန်ခံပြီး လုပ်မပေးခဲ့ဖူးပါဘူး အခုတော့ အစစ အဆင်ပြေပါတယ် ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းက
လေးပဲ ဖြစ်ဖြစ်  … ကိုယ့်ရဲ့ ပုံမှန်မဟုတ်တဲ့ အရာတွေကို ကိုယ်တိုင်သိပြီးရင် စောစော ခွဲစိတ်မှုခံယူဖို့ လိုအပ်ပါတယ် “လို့ ပြောခဲ့ပါတယ်။

Alana ရဲ့ မိခင်ဖြစ်သူက သူ အရွယ်ရောက်လာတဲ့အခါ ဘယ်ယောက်ျားလေးကမှ သူ့ရဲ့ မူမမှန်တဲ့ အနေအထားနဲ့ အင်္ဂါပုံစံကိုကြည့်ပြီး သနားကြင်နာစိတ် ဖြစ်မှာ မဟုတ်ဘူး လို့ ဆရာဝန်ကို ပြောခဲ့ပါတယ်။ အခုအခါမှာတော့ ဆယ်
ကျော်သက်တွေရဲ့ ပတ်ဝန်းကျင်မှာ အထူးသဖြင့် ဆယ်ကျော်သက် မိန်းကလေးတွေဟာ လိင်အင်္ဂါအမွေးမပေါက်စေဖို့ ခွဲ
စိတ်ကုသမှု ခံယူတာတွေ ရှိသလို၊ အရွယ်မရောက်သေးခင်မှာ လိင်ကိစ္စကျူးလွန်မိလို့ အနေအထားပျက်ယွင်းသွားတဲ့
အင်္ဂါကို ခွဲစိတ်မှု၊ ကျန်းမာရေး သို့မဟုတ် မွေးရာပါ ပုံမှန်မဟုတ် လိင်အင်္ဂါပုံစံကို ခွဲစိတ်ခံယူတာတွေ အများဆုံးရှိနေပါ
တယ်။

ဒါ့အပြင် မအင်္ဂါ နှုတ်ခမ်းသားသေးငယ်ခြင်းအတွက်လည်း သင့်တင့်တဲ့ ပုံစံရရှိအောင် ခွဲစိတ်မှုခံယူတာတွေလည်း အ
မြောက်အများရှိနေပါတယ်။ News.com.au ၀က်ဘ်ဆိုဒ်ကလည်း ၎င်းတို့ဒေသအခြေစိုက် သြစတီးယား ဆယ်ကျော်
သက်မိန်းကလေးတွေကြားမှာ လိင်အင်္ဂါခွဲစိတ်မှုခံယူခြင်းဟာ ခေတ်စားနေပြီး၊ အရွယ်ရောက်ပြီး အမျိုးသမီးတွေထက်ပင်
အရေအတွက် ပိုများကာ ခွဲစိတ်ခံနေကြတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Women’s Health Victoria ကလည်း 2000 ခုနှစ်မှ 2011 ခုနှစ်အတွင်းမှာ လိအင်္ဂါနှုတ်ခမ်းကြီး ခွဲစိတ်ခံယူသူတွေဟာ တစ်နှစ်လျှင် 640 မှ 1565 ယောက်အထိ တိုးပွားလာခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိန်နဲ့ အနောက်ဥရောပနိုင်ငံတွေနဲ့ အာရှရဲ့ ဆေးပညာထိပ်သီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် အစရှိတဲ့ နိုင်ငံတွေမှာလည်း ဆယ်ကျော်သက်နဲ့ အရွယ်ရောက်ပြီး အမျိုးသမီးထုကြားမှာ လိင်အင်္ဂါခွဲစိတ်ကုသမှု ခံယူခြင်းဟာ တစ်ဆထက် တစ်ဆများပြားလာပါတယ်။
မဒီလေး (Shwemom)
source : thesun.co.uk

No comments:

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။. Powered by Blogger.