ဓမ္မတာ မှန်မှန်လာစေဖို့
ဓမ္မတာမှန်မှန် လာစေဖို့
==============================
အမျိုးသမီးများအဖို့ လစဉ် ဓမ္မတာမှန်ဖို့၊ သွေးမဆုံးမီကာလ ရာသီမှန်မှန် လာဖို့၊ ဥတုပန်းမှန်မှန်ပွင့်ဖို့ အရေးကြီးပါသည်။ ဓမ္မတာမမှန်၊ ရာသီမမှန် လျှင်မီးယပ်ပိန် ၊ မီးယပ်ခြောက် ၊ မီးယပ်ကျိုးလျက် တပိန်ပိန် တလိမ်လိမ် ဖြစ်တတ်ပါသည်။ အရေပြားပေါ်တွင် အကွက်များပေါ်ခြင်း၊ ဦးရေဖျားတင်းကာ ဆံပင်ကျွတ်ခြင်း ၊ ရှုနာရှိုက်ကုန်းခြင်းများ ၊ ခံစားရတတ်၏။
သည့်အတွက် အမျိုးသမီးများ လစဉ် ဓမ္မတာမှန်ရေးအတွက် မည်သို့ လုပ်ဆောင်ရပါမည်နည်း၊
ဘာမှမခက်ပါဘူး.....
မီးယပ်ဆေးများ ဖော်စပ်ရာတွင် လွန်စွာမှ ဆေးဘက်ဝင်လှသော ရှားစောင်း လက်ပတ် ကို ရအောင်ရှာပါ။ ရလာပါက အခွံကို မသင်ဘဲ အခွံအပါအ၀င် ပါးပါးလှီးပါ။ ပြီးနောက် ဟင်းခါးချက်၍ မကြာခဏသောက်ပေးပါ။
အမျိုးသမီးများ ဓမ္မတာမှန်လာပါလိမ့်မည်။ သွေးသားများသန့်စင်ကြည်လင်ပြီး
လှတစ်မျက်နှာ ယဉ်တကိုယ်လုံး ဖြစ်လာပါလိမ့်မည်။
CREDIT ;
No comments: