သားအိမ် လည်ပင်းအရှည်
၁။
ဆရာ ကျွန်မ အသက် ၂၈နှစ်ပါ။ အိမ်ထောင်ကျတာ ၄ နှစ်ထဲမှာပါ။ အိမ်ထောင်ကျပြီး ၁ နှစ်ကျော်ကျော်လောက် marvelon 28 သောက်ခဲ့ပါတယ်။ ဆေးဖြတ်ပြီး ၆ လနေတော့ ပထမကိုယ်ဝန် ရခဲ့ပါတယ်။ ကိုယ်ဝန် ၅ လထဲရောက်စမှာ complete abortion ဖြစ်ခဲ့ပါတယ်။ ဖြစ်ပြီး Follow up ပြန်ပြတော့ TVS ရိုက်ခဲ့ပါတယ် result က cervical length တိုတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဒီတိုင်းနေလိုက်တာ ၁ နှစ်နဲ့ ၂ လမှာ ဒုတိယကိုယ်ဝန်ရှိပါတယ်။ LMP က 20/6/2016 ပါဆရာ။ စသိသိချင်းဘဲ ကိုယ်ဝန်အပ်ခဲ့ပါတယ်။ OG က TVSရိုက်ပြီး Folic acid နဲ့ susten BD ပေးလိုက်ပါတယ်ဆရာ။ ၁ လ ပြန်ချိန်းပါတယ်။ ဒါပေမယ့် ကိုယ်ဝန်စရှိကတည်းက အဖြူတော့ ဆင်းနေပါတယ်။ မနေ့က ဖြူညစ်ညစ်နဲ့ သွေးစလေး ပါလာလို့ စိုးရိမ်ပြီး OG နဲ့ ထပ်ပြပါတယ်။ USS ရိုက်ခိုင်းပါတယ်။ USS အဖြေပါ ဆရာ့ဆီ ပို့လိုက်ပါ့မယ်။ ဒီနေ့လည်း သွေးကနည်းနည်းတော့ ဆင်းတယ်။ ကိုယ်ဝန်ပျက်ကျဖို့များဖြစ်သလား မေးချင်လို့ပါရှင့် ကျေးဇူးအရမ်းတင်ပါတယ်ရှင့်။

၂။
မင်္ဂလာပါဆရာ။ သမီးအသက်က ၂၇ နှစ်ပါ။ ခင်ပွန်းက ၃၈နှစ်ပါ။ အိမ်ထောင်သက် ၂ နှစ်ရှိပါပြီ။ ရန်ကုန်ကပါ။ အိမ်ထောင်ကျစမှာ ၃ လုံးလခံတားဆေး တကြိမ်သာထိုးပါတယ်။ နောက်ပိုင်းမှာ ရာသီကရက်ရှည်ပြီး နဲနဲသာလာပါတယ်။ ၄ လပိုင်းမှာ အိုဂျီပြတော့ သားအိမ်ခေါင်းရှည်နေတယ်လို့ပြောပါတယ်။ ကလေးမရသေးတာ သားအိမ်ခေါင်းရှည်တာနှင့် ဆိုင်ပါသလားဆရာ။ ကျေးဇူးပြု၍ဖြေကြားပေးပါနော်။ လေးစားစွာဖြင့်။
ပုံမှန်သားအိမ်လည်ပင်းအရှည်ဟာ 3 cm ကနေ 5 cm အထိရှိတယ်။ 2.5 cm ထက်တိုနေရင် တခြားနည်းတွေနဲ့ ထပ်စစ်ရမယ်။ သားအိမ်လည်ပင်းအတွင်းပြွန်လမ်းဟာ V-shaped ပုံလား၊ U-shaped လားစစ်ရမယ်။ ကတော့ပုံက ကိုယ်ဝန်စောမွေးစေနိုင်တယ်။ တိုနေမှသာ စောမွေးမှာစိုးရိမ်ရတယ်။ တိုလေလေ စောမွေးနိုင်လေလေဖြစ်တယ်။ မွေးရာပါ၊ ပိုးဝင်ဘူးတာနဲ့ သားအိမ်ဝမလုံတာ ဖြစ်နိုင်တယ်။
Cervical length assessment ကိုယ်ဝန်ဆောင်မှာ သားအိမ်လည်ပင်းကို (အာလ်ထွာဆောင်း) နဲ့ တိုင်းတာရတယ်။ အများအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ၂ ခါတိုင်းတယ်။ ၁၄ ပတ်မှာ တခါနဲ့ ၂၄ ပတ်မှာ တခါတိုင်းတယ်။ ၂၂-၂၄ ပတ်မှာ ၁၅ မီလီမီတာထက်တိုရင် ပုံမှန်မဟုတ်ဘူး။ တချို့ဆရာဝန်တွေက မွေးလမ်းထဲကနေ ရိုက်တဲ့နည်းနဲ့ ကိုယ်ဝန် ၁၈ ပတ်နဲ့ ၂၂ ပတ်မှာ တိုင်းကြတယ်။ ပုံမှန်ကိုယ်ဝန်ဆိုရင် ကိုယ်ဝန် ၂ဝ ပတ်မှ သားအိမ်လည်ပင်းက ၄ဝ မီလီမီတာ၊ ၃၄ ပတ်မှာ ၃၄ မီလီမီတာရှည်တယ်။
သားအိမ်ဝ (လည်ပင်း) ရှည်နေတာအတွက် စိုးရိမ်ရန်မရှိလောက်ပါ။
Credit : ဒေါက်တာတင့်ဆွေ

Myanmar Kyat Converter
No comments: