Header Ads

Breaking News
recent

အမျိုးသားလေးယောက်မှာ တစ်ယောက်က လစဉ်ကျားဓမ္မတာလာကြောင်း သိရ

အမျိုးသားလေးယောက်မှာ တစ်ယောက်က လစဉ် ကျားဓမ္မတာလာတဲ့ လက္ခဏာတွေ ခံစားရကြောင်း ဖွင့်ဟ
==============================================

အမျိုးသားလေးပုံတစ်ပုံဟာ လစဉ် ကျားဓမ္မတာ လာတာကို ခံစားရကြောင်း စစ်တမ်းကောက်ယူမှု တစ်ခုအရ သိရပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေ ဓမ္မတာမလာမီခံစားရတဲ့ ဗိုက်အောင့်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်း၊ ဆန္ဒပြင်းပြခြင်းနဲ့ စိတ်မကောင်းဖြစ်လွယ်၊ဒေါသထွက်လွယ်ခြင်း စတဲ့ အလားတူ လက္ခဏာတွေကို ခံစားရကြောင်း ထုတ်ပြောခဲ့ပါတယ်။
ကျားဓမ္မတာလာတာ ခံစားနေရတယ်ဆိုတဲ့ အမျိုးသားတွေရဲ့ လက်တွဲဖော် အမျိုးသမီး သုံးပုံနှစ်ပုံကလည်း ကျားဓမ္မတာဆိုတာရှိတယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။ အမျိုးသမီး ငါးပုံကတော့ အမျိုးသားတွေဟာ သူတို့ ဓမ္မတာလာတဲ့ အချိန်မှာ အမျိုးသမီးတွေထက်တောင် ပိုဆိုးသေးတယ်လို့ ပြောပါတယ်။
အမျိုးသားဓမ္မတာလာခြင်းဆိုတဲ့ အယူအဆကို ပညာရှင်တွေဟာ အချိန်အတော်ကြာလေ့လာနေခဲ့ကြပြီး သုတေသနပညာရှင် အများအပြားက အမျိုးသားဟော်မုန်းဟာ လလည်ပတ်မှု စက်ဝန်းလိုပဲ အတက်အကျ ရှိတယ်လို့ ယုံကြည်ကြပါတယ်။ ယောင်္ကျားတွေမှာလည်း ဟော်မုန်းပြောင်းလဲမှု စက်ဝန်းရှိပြီး ဒီ ပြောင်းလဲမှုက သူတို့ တွေရဲ့ ခွန်အား၊ ဒေါသစိတ်၊ လိင်ဆန္ဒ နဲ့ စိတ်ကသိကအောက်ဖြစ်မှုတို့ အပေါ် ရိုက်ခတ်မှုရှိတယ်လို့  အမျိုးသားဓမ္မတာလာခြင်းဆောင်းပါးကို ရေးသားခဲ့သူ Dr Jed Diamond က ဆိုပါတယ်။
Vouchercloud.co.uk က ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ ဆက်ဆံရေး အနည်းဆုံး ၁၂ လရှိတဲ့ အမျိုးသားနဲ့  အမျိုးသမီး ၂၄၁၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။ ထိုစစ်တမ်းအရ အမျိုးသား ၂၆ ရာခိုင်နှုန်းဟာ ရာသီလာခြင်းနဲ့  ဆက်စပ်တဲ့ လက္ခဏာတွေကို ခံစားရတယ်လို့ ဆိုပါတယ်။ အမျိုးသမီးအများစုကလည်း သူတို့ ရဲ့ ပါတနာ ယောင်္ကျားလေးဟာ သူတို့ လိုပဲ ကျားဓမ္မတာလာတာကို ခံစားရတယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

၁၉၅၀ ပြည့်နှစ်မှာ၊ ဒိန်းမတ်လူမျိုးသိပ္ပံပညာရှင် Allan Erslev က အမျိုးသားတွေရဲ့ဆီးနမူနာကို စုဆောင်း စစ်ဆေးကြည့်ခဲ့ရာမှာ အမျိုးသားတွေမှာလည်း ဟော်မုန်းအပြောင်းအလဲ အတက်အကျဟာ ရက် ၃၀ နေရင် တစ်ခါ ပုံမှန်ဖြစ်နေတာကို တွေ့ ခဲ့ရပါတယ်။ အမျိုးသားတွေရဲ့ မုတ်ဆိတ်ကြီးထွားမှုနှုန်းဟာလည်း ထိုအချိန်မှာ အတက်အကျရှိနေတာကိုလည်း တွေ့ ရှိခဲ့ရပါတယ်။ ဒါဟာ အမျိုးသားတွေရဲ့ စိတ်ဖိစီးမှု ဒါမှမဟုတ် နာကျင်မှုအပေါ် အာရုံခံတုံ့ ပြန်နိုင်ခြင်းက အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ကွာခြားမှုရှိခြင်းကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဒါဘီတက္ကသိုလ်က Dr Aubeeluck က ပြောပါတယ်။
ye wint – Trend Myanmar

No comments:

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။. Powered by Blogger.