ရာသီဓမ္မတာက အမျိုးသမီးတွေကို ဥာဏ်ရည်ပိုထက်စေ
ရာသီဓမ္မတာက အမျိုးသမီးတွေကို ဥာဏ်ရည်ပိုထက်စေ
======================================
FACEBOOK PAGE ကို LIKE လုပ်ဖို့ ဒီမှာ နှိပ်ပါ။
သင်ဟာ ရာသီမတိုင်ခင်နဲ့ ရာသီလာနေချိန် ရုတ်တရက်ပေါ်ပေါက်တတ်တဲ့ ရောဂါလက္ခဏာတစ်ခုခု ခံစားရပါက လတစ်လရဲ့ ဒီလိုအချိန်ဟာ စိတ်ပျက်စရာလို့ တွေးမိပါလိမ့်မယ်။ ဒါဟာ စိတ်ပျက်စရာ မဟုတ်မှန်းသိဖို့အတွက် ပြောပြချင်တဲ့အချက်လေးတွေ ရှိပါတယ်။ ရာသီလာနေချိန် ဝေဒနာတစ်ခုခု ခံစားနေရခြင်းဟာ မိမိခန္ဓာကိုယ် ကောင်းမွန်စွာ လည်ပတ်လျက်ရှိကြောင်း သက်သေ အထောက်အထားတစ်ခုဖြစ်တဲ့အပြင် အမျိုးသမီးတွေဟာ ဓမ္မတာကာလ မျိုးပွားနိုင်ခြေ အမြင့်ဆုံးအချိန်မှာ ဥာဏ်ရည်ပိုကောင်းလာတာလို့ သိပ်မကြာသေးမီက လေ့လာမှုက ဖော်ပြထားပါတယ်။

ဂျာမနီနိုင်ငံ Leipzig မြို့က Max Planck Institute for Human Cognitive
and Brain Sciences သုတေသီတွေက လူ့ဦးနှောက်မှတ်ဥာဏ်၊ စိတ်နေစိတ်ထားနဲ့
စိတ်ခံစားချက်တွေ ဖြစ်ပေါ်စေတဲ့ အဓိက ဦးနှောက်အစိတ်အပိုင်းတစ်ခုဟာ
လိင်ဟော်မုန်းနဲ့အတူ ပြိုင်တူ တိုးပွားခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
အမျိုးသမီးတွေဆီက ဟော်မုန်းနဲ့ စိတ်နေစိတ်ထား
အကြီးအကျယ်ပြောင်းလဲမှုနှစ်ခုကြား ဆက်နွယ်မှုလေ့လာကြည့်တဲ့အခါ
အမျိုးသမီးဓမ္မတာနဲ့ ပတ်သက်တဲ့ဟော်မုန်း oestrogen ပမာဏမြင့်မားခြင်းက
hippocampus ကို ကြီးစေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပြီးတော့ အဲဒီအမျိုးသမီးဟာ ရာသီသွေးဆင်းတာနဲ့ oestrogen ပမာဏက ကျဆင်းတဲ့အခါ ဦးနှောက်တည်နေရာ ကျုံ့သွားပါတယ်။ ဒီ ပမာဏတိုးတာနဲ့ ကျုံ့တာ၊ အရေအတွက်လျှော့ကျတာတွေက အမြဲပုံမှန်ဖြစ်ပွားနေတဲ့အရာလို့ သုတေသီတွေက ဆိုပါတယ်။ ယင်းလေ့လာမှုအနေနဲ့ pre-menstrual dysphoria disorder (PMDD) လို့ခေါ်တဲ့ ရောဂါအခြေအနေအကြောင်း ပိုမိုသိနားလည်ဖို့ ရည်ရွယ်ထားခြင်းဖြစ်ပြီး ဒီရောဂါအခြေအနေဟာ အမျိုးသမီး ၁၂ယောက်မှာ ၁ယောက် ရင်ဆိုင်နေကြရပါတယ်။
Credit: trend Myanmar

Myanmar Kyat Converter
No comments: