လက်နဲ့ တို့၊ထိ ကိုင်တွယ်ခြင်း မပြုသင့်တဲ့ ခန္ဒာကိုယ် အစိတ်အပိုင်း ( ၅ ) မျိုး
လက်နဲ့ တို့,ထိကိုင်တွယ်ခြင်း မပြုသင့်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်း (၅)မျိုး
+++++++++++++++++++++++++++++++++++++++++++++++++++
ကျွန်တော်တို့တစ်တွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ယားယံတာပဲဖြစ်ဖြစ်၊ ချေးညှော် အစရှိတဲ့ အညစ်အကြေးတွေကို အပြင်ကို ချူထုတ်လိုတဲ့ အခါမှာပဲဖြစ်ဖြစ် လက်ချောင်းတွေကို အလွယ်တစ်ကူအသုံးပြုကာ ကိုင်တွယ် နှိုတ်ထုတ်
တတ်ပါတယ်။ ဒါဟာ မသင့်တော်ပါဘူး။ ဒါကြောင့် လက်နဲ့ တို့ထိကိုင်တွယ်ခြင်း မ
ပြုသင့်တဲ့ အစိတ်အပိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နားအတွင်းပိုင်း
============
တစ်ခါတရံမှာ ကျွန်တော်တို့တစ်တွေဟာ နားအတွင်းပိုင်း ယားယံခြင်း၊ နားဖားကလော်ခြင်းကို လက်သန်း၊ လက်ညှိုး စတာတွေ အသုံးပြုပြီး လုပ်လေ့ရှိပါတယ်။ ဒီလို လုပ်ခြင်းကြောင့် လက်မှာရှိတဲ့ ရောဂါပိုးတွေဟာ နားထဲကို အလွယ်တစ်ကူ ၀င်ရောက်သွားနိုင်ပါတယ်။ ဒါ့အပြင် နားတွင်းပြွန် ယောင်ရမ်းမှုကို ဖြစ်စေပြီး အနာဖြစ်ကာ နားပြည်ယိုခြင်း၊ နားစည်မှာ အနာပေါက်ခြင်း စတာတွေဖြစ်ပြီး နားကန်းနိုင်ပါတယ်။
(၂) တင်ပါး
=============
အချို့ကတော့ တင်ပါးကို လက်နဲ့ပွတ်ခြင်း ကိုင်ခြင်းတွေ လုပ်တတ်ကြပါတယ်။ လက်မှာပါတဲ့ ပိုးမွှားတွေဟာ စအိုမှတစ်
ဆင့် ခန္ဓာကိုယ်အတွင်း ၀င်ရောက်စေနိုင်သလို၊ စအိုနဲ့ မျိုးပွားအင်္ဂါတွေမှာရှိတဲ့ ဘက်တီးရီးယားတွေဟာ လက်ကို ကူး
စက်ပြီး အစားအစာနဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကူးစက်ကာ ဒုက္ခပေး နိုင်ပါတယ်။
(၃) မျက်လုံး/မျက်နှာ
==============
မျက်နှာသစ်တဲ့အခါမျိုးမှာ မျက်လုံးကို လက်နဲ့ပွတ်ပြီး မျက်နှာသစ်ခြင်း၊ မျက်လုံး ယားယံခြင်းကြောင့် လက်နဲ့ပွတ်ခြင်း၊
ဝက်ခြံ၊ မှဲ့ခြောက် အစရှိတဲ့ အရာတွေကို လက်နဲ့ညှစ်ခြင်း၊ မျက်နှာပြင်ကို လက်နဲ့ပွတ်ခြင်းတို့ဟာ ကျန်းမာရေးနဲ့ ညီညွတ်မှု
မရှိဘူးလို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ အသင့်တော်ဆုံးကတော့ ပိုးသတ်ထားတဲ့ ရေနွေးနဲ့ပြုတ်ထားတဲ့ ပုဝါ၊အ၀တ် စတာတွေကိုသာ သုံးသင့်ပါတယ်။
(၄) ပါးစပ်
===========
ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ စရိတ်ငြိမ်း ပို့ပေးနိုင်တဲ့ အမြန်ဆုံး နည်းလမ်းဖြစ်ပါတယ်။ ထမင်း အစရှိတဲ့ အစားအစာတွေကို လက်နဲ့ စားဖို့ပြင်ဆင်ရင်လည်း လက်ကို အရင်ဆုံး ဆပ်ပြာနဲ့ ပြောင်စင်အောင် ဆေးကြောသင့်ပါတယ်။ အကောင်းဆုံးကတော့ လက်ကို သန့်စင်ခြင်း မရှိဘဲ သွားနဲ့ကိုက်ခြင်း၊ လျှာဖြင့် လျှက်ခြင်းကို ရှောင်ရှားပါ။
(၅) နှာခေါင်းအတွင်းပိုင်း
==================
နှပ်ချေးကလော်တဲ့ အကျင့်ကို လူတိုင်း ရှိပါလိမ့်မယ်။ တစ်ခါတလေ ဇိမ်တစ်မျိုးလို့တောင် ထင်ရပါတယ်။ ဒါပေမယ့် ဒါဟာ ကျန်မားရေးရှုထောင့်ကနေ ကြည့်ရင် မသင့်တော်ပါဘူး။ ဒါကြောင့်မို့လို့ ရှောင်ကြပါလို့ ပြောချင်ပါတယ်။ နှာခေါင်းထဲကို လက်နဲ့ နှိုက်ခြင်းဟာ နှာခေါင်းအတွင်းပိုင်းကိုသာ ကျန်းမာရေး ဆိုးဝါးစေတာ မဟုတ်ပါ။ အသက်ရှုလမ်းကြောင်းဆိုင်ရာ
ပြဿနာတွေလည်း အများကြီး ရှိပါတယ်။
နတ်စည်တော် (Shwemom)
source : thesun.co.uk
FACEBOOK PAGE ကို LIKE လုပ်ဖို့ ဒီမှာ နှိပ်ပါ။

No comments: