Header Ads

Breaking News
recent

အမျိုးသမီးတိုင်းသိထားသင့်တဲ့ မျိုးပွားအင်္ဂါ ရောဂါပိုးကူးစက်ခံရခြင်းအကြောင်း

အမျိုးသမီးတိုင်းသိထားသင့်တဲ့ မျိုးပွားအင်္ဂါ ရောဂါပိုးကူးစက်ခံရခြင်းအကြောင်း
=====================================================

အမျိုးသမီးတိုင်းလိုလို မျိုးပွားအင်္ဂါ ရောဂါပိုးကူးစက်ခံရခြင်း(Yeast Infection)ကိုသူတို့ရဲ့ သက်တမ်းတစ်လျှောက်အနည်း ဆုံး သုံးကြိမ်ကနေ လေးကြိမ်လောက်ထိခံစားရလေ့ရှိပါတယ်။
Yeast Infectionဆိုတာမမျိုးပွားအင်္ဂါမှာယားယံခြင်း၊ကျိန်းစပ်နာကျင်ခြင်းနဲ့အဖြူရောင်အကျိအချွဲများအလွန်အကျွံ ထွက်ခြင်းဖြစ်ပါတယ်။ဒီလိုဝေဒနာခံစားရပြီဆိုရင် စိတ်အနှောက်အယှက်ဖြစ်ခြင်း၊ သက်တောင့်သက်သာမရှိခြင်းနဲ့ ကျန်းမာရေးအရပါ စိုးရိမ်ရလေ့ရှိပါတယ်။

ဒါ့အပြင် မျိုးပွားအင်္ဂါမှာ ဘက်တီးရီးယားကူးစက်ခံရခြင်းနဲ့ body lotion၊ဆပ်ပြာနဲ့တခြားအသားအရေထိန်းသိမ်း တဲ့ပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့အခါ ဓာတ်မတည့်မှုတွေဖြစ်ပေါ်ခံစားရလေ့ရှိပါတယ်။”ဒီလို yeast infectionကိုခံ စားရပြီဆိုရင်အမျိုးသမီးအများစုကသူတို့ရဲ့မျိုးပွားအင်္ဂါနဲ့လမ်းကြောင်းတစ်လျှောက်ယားယံမှုတွေ၊
ပုံမှန်မဟုတ်တဲ့အကျိအချွဲတွေထွက်တာမျိုးခံစားရလေ့ရှိပါတယ်။ဒါပေမယ့် အကြိမ်များများတော့ဖြစ်လေ့မရှိပါဘူး”လို့ Westchester County, NYရဲ့ သားဖွားမီးယပ်ရောဂါပါရဂူတစ်ဦးဖြစ်သူ Alyssa Dweck ကပြောပါတယ်။
ဒါ့အပြင် သူကဆက်ပြောတာက” တခါတလေကျရင်တော့ဒီလိုအကျိအချွဲတွေဟာ ရေလိုအခြေအနေရှိပေမယ့်သာမန် မဟုတ်တဲ့အခြေအနေတွေလည်းတွေ့ရတတ်ပါတယ်။ဥပမာငါးညှီနံ့လိုအနံ့အသက်ဆိုးတွေတောင်ထွက်လေ့ရှိပါတယ်”လို့ဆိုပါတယ်။

Yeast Infectionဖြစ်ပြီဆိုရင် တချိုလက္ခဏာတွေက ရက်အနည်းငယ်အတွင်းသက်သာပျောက်ကင်းလေ့ရှိပေမယ့်တချို့ ပုံမှန်မဟုတ်တဲ့လက္ခဏာတွေလည်းတွေ့ရတတ်ပါတယ်။ဥပမာမျိုးပွားအင်္ဂါတ၀ိုက်အနီစက်တွေထွက်လာတာ၊ဆီးသွားတဲ့အခါ ဒါမှမဟုတ် လိင်ဆက်ဆံတဲ့အခါ ပြင်းထန်တဲ့နာကျင်မှုမျိုးကိုခံစားရပြီး ရောင်ရမ်းတာတွေလည်းခံစားရလေ့ရှိပါတယ်။
ဒါပေမယ့် ဒီလို မျိုးပွားအင်္ဂါ ယားယံတာ၊ အကျိအချွဲတွေထွက်တိုင်းလည်း Yeast Infectionဖြစ်တယ်လို့တစ်ထစ်ချသတ် မှတ်လို့မရ၏တဲ့အတွက်အကောင်းဆုံးအကြံပြုချင်တာကတော့ဒီလိုခံစားရပြီဆိုရင်ကျွမ်းကျင်ဆရာတွေနဲ့အမြန်ဆုံးသွား
 ရောက်ပြသသင့်တယ်လို့ Dr. Dweckကဆိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့STDလို့ခေါ်တဲ့ပုံမှန်မဟုတ်တဲ့လိင်ဆက်ဆံ မှုတွေကြောင့်ကူးစက်ခံရတဲ့ရောဂါဖြစ်နိုင်ခြေရှိတဲ့သံသယဖြစ်ဖွယ်လက္ခဏာတွေလည်းဖြစ်နိုင်ခြင်းကြောင့်ပဲဖြစ်ပါတယ်။

FACEBOOK PAGE ကို LIKE လုပ်ဖို့ ဒီမှာ  နှိပ်ပါ။

No comments:

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။. Powered by Blogger.