ကိုယ့်အားကိုယ်ကိုးပြီး တကိုယ်တည်းနေတဲ့ အမျိုးသမီးတွေရဲ့ လျှို့ဝှက်ချက် ( ၅ ) ခု
ကိုယ့်အားကိုယ်ကိုးပြီးတကိုယ်တည်းနေတဲ့ အမျိုးသမီးတွေရဲ့လျှို့ဝှက်ချက်(၅)ခု
++++++++++++++++++++++++++++++++++++++++++++++++
လူတိုင်းမှာလျှို့ဝှက်ချက်အမျိုးမျိုးရှိကြပါတယ်။အဲဒီလိုပဲတကိုယ်တည်းနေပေမယ့်ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်နေ တဲ့အမျိုးသမီးတွေမှာလည်း လျှို့ဝှက်ချက်ရှိကြပါတယ်။အထူးသဖြင့် လျှို့ဝှက်ချက်ဆိုတာထက် ထုတ်မပြောဖြစ်တဲ့အရာတွေ လို့ပြောရင်လည်းမှားမယ်မထင်ပါဘူး။ဘာဖြစ်လို့လဲဆိုတာ အခုပဲ Shwemom ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါ တယ်။
ဖော်ရွေတဲ့သူငယ်ချင်းတွေရှိချင်တယ်
အောင်မြင်ပြီးထူးချွန်ထက်မြက်တဲ့အမျိုးသမီးကလည်း နွေးထွေးမှု၊ကြင်နာမှုကိုခံစားတတ်တဲ့သူပါပဲ။သူငယ်ချင်းနဲ့အတူမျှဝေခံစားရတာနဲ့ ချစ်သူဒါမှမဟုတ် ခင်ပွန်းနဲ့မျှဝေခံစားရတာချင်းမတူပါဘူး။သူငယ်ချင်းတွေနဲ့အတူ ပျော်စရာတွေမျှဝေနိုင်သလို နာကျင်မှု။ စိတ်အားငယ်မှုစသဖြင့် တခါတလေကြုံရတဲ့ အခက်အခဲတွေကို သူငယ်ချင်းတွေနဲ့မျှဝေချင်ကြပေမယ့် ထုတ်ပြောလေ့မရှိကြပါဘူး။
တစ်ကိုယ်တည်းနေရင်ပျော်မယ်လို့ယုံကြည်ထားတယ်

သူတို့တွေထုတ်မပြောဖြစ်တဲ့ အကြောင်းအရာတွေထဲမှာ
သဘောထားမတိုက်ဆိုင်ဘဲပေါင်းဖက်နေရတဲ့ စုံတွဲတွေထက်
တစ်ယောက်တည်းနေရတဲ့ဘ၀ကပိုပြီးပျော်ရလိမ့်မယ်လို့
ယုံကြည်ထားတယ်ဆိုတဲ့အချက်ပါပဲ။
ပျော်ရွှင်စရာပါတီပွဲတွေကြိုက်တယ်
အလုပ်နဲ့လက်မပြတ်အောင် အမြဲတမ်းကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ကလည်းသူ့အတွက် ပျော်ရွှင်မှုကိုအမြဲတမ်း ရှာဖွေနေတာပါ။မိတ်ဆွေသူငယ်ချင်းတွေစုပေါင်းလုပ်တဲ့ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်ချင်ပေမယ့်ထုတ်မပြောဖြစ်ပါဘူး။သူတို့ အဲ့ဒီလို ပျော်ရွှင်မှုကိုလိုလားတယ်ဆိုတာ မိသားစု၊မိတ်ဆွေသူငယ်ချင်းတွေရဲ့ သတိတရရှိတာကိုလိုချင်ကြလို့ပါ။
ဘယ်လိုကြိုးစားရတယ်ဆိုတာသိစေချင်တယ်
တစ်ကိုယ်တည်းသမားတွေကများသောအားဖြင့် သူများထက်ပိုပြီးကြိုးစားရပါတယ်။အထူးသဖြင့် မိန်းကလေးတွေဆိုရင် အခက်အခဲ၊စိန်ခေါ်မှုတွေနဲ့ပိုပြီးကြုံရလေ့ရှိပါတယ်။မိန်းကလေးတစ်ယောက် တစ်ကိုယ်တည်း မားမားမတ်မတ်ရပ်တည်နိုင် ပြီဆိုတာနဲ့ ပတ်ဝန်းကျင်က မကောင်းမြင်တာက ရာခိုင်နှုန်းများပါတယ်။အဲဒီလို တစ်ယောက်တည်းအောင်မြင်အောင် ကိုယ့်အားကိုယ်ကိုးပြီး ဘယ်လောက်ထိကြိုးစားရတယ်ဆိုတာကို လူတွေကိုသိစေချင်ပေမယ့် မပြောဖြစ်ပါဘူး။
တခါတရံအောင်မြင်ပြည့်စုံတဲ့သူမဖြစ်ချင်ဘူး
ဒီလို အမျိုးသမီးတွေက သူတို့ရဲ့အောင်မြင်မှု၊ စွမ်းဆောင်နိုင်မှုအပေါ်မှာ ဂုဏ်ယူကျေနပ်တတ်ကြပေမယ့် တခါတလေ မှာတော့အဲဒီလို အောင်မြင်တဲ့သူမဖြစ်ချင်ပြန်ဘူး။ကြိုးစားရုန်းကန်ရတာခက်ခဲပင်ပန်းလွန်းတဲ့အတွက်ကြောင့်ပါ။
တစ်ကိုယ်တည်း ကိုယ့်အားကိုယ်ကိုးပြီးအောင်မြင်နေတဲ့အမျိုးသမီးတွေရဲ့ ဘ၀ကစိတ်ဝင်စားဖို့ကောင်းသလိုအမြဲတမ်း လုပ်ငန်းတာဝန်တွေအပြည့် စွန့်စားမှုအပြည့်နဲ့ သူတို့ရဲ့ဘ၀ကသက်ဝင်လှုပ်ရှားနေပါတယ်။အခက်အခဲတွေ ဘယ်လောက်ပဲရှိပါစေ ကျကျေနပ်နပ်ခံယူသင့်တဲ့ဘ၀ဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။
ခြူးသစ်နွယ်@ChoChoThan(Shwemom)
ref:lifehack.org

No comments: