Header Ads

Breaking News
recent

အိပ်ရာပေါ်မှာ ဘယ်တော့မှ မလုပ်သင့်တဲ့ အရာ ( ၆ ) ခု

အိပ်ရာပေါ်မှာ ဘယ်တော့မှ မလုပ်သင့်တဲ့ အရာ (၆) ခု

အချို့သူတွေအတွက်တော့အိပ်ရာဆိုတာ နေ့စဉ်နာရီပေါင်းများစွာ နေထိုင်တတ်ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အိပ်ရာထပြီးနောက် အိပ်ရာထဲမှာပဲ စာအုပ်ဖတ်၊ အစာစား၊ ရုပ်ရှင်ကြည့်၊ စကားပြော စသဖြင့် လုပ်တတ်ကြပါတယ်။
ဒါပေမဲ့ သင့်ရဲ့ အိပ်ရာပေါ်မှာ ဘယ်တော့မှ မလုပ်သင့်တဲ့ အရာ (၆) ခုရှိပါတယ်။ ဒါတွေ လုပ်ခဲ့မိမယ်ဆိုရင်တော့ သင့်ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။


၁။ တိရိစ္ဆာန်များနှင့် အိပ်ခြင်း


တိရိစ္ဆာဘယ်လောက်ပဲ ချစ်တတ်သူဖြစ်ဖြစ် အိမ်မွေးတိရိစ္ဆာန်တွေကို အိပ်ရာပေါ် မခေါ်သင့်ပါဘူး။ သူတို့ဆီမှာ မျက်စိနဲ့ မြင်နိုင်တဲ့ ဖုန်နဲ့ အညစ်အကြေးတွေအပြင် သာမန်မမြင်နိုင်တဲ့ ရောဂါပိုးတွေ ပါလာနိုင်ပါတယ်။

၂။ ဖုန်းသုံးခြင်း


လေ့လာသူတွေအားလုံး အိပ်ရာပေါ်မှာ စမတ်ဖုန်းနဲ့ တက်ဘလက်သုံးတာရော၊ အိပ်ခါနီးသုံးတာကိုရော အားမပေးကြပါဘူး။ အကြောင်းပြချက်က တစ်ခုတည်းဖြစ်ပါတယ်။ အဲဒီက ထွက်တဲ့အပြာရောင် အလင်းတန်းက သင့်ရဲ့အိပ်စက်ခြင်းကို တိုက်ရိုက်အနှောက်အယှက်ဖြစ်စေပါတယ်။ နေ့ဘက်ဆိုရင်တော့ သိပ်ပြဿနာ မရှိလှပါဘူး။

၃။ အလုပ်လုပ်ခြင်း


ဒါလည်း စမတ်ဖုန်းသုံးတာနဲ့ အတူတူဖြစ်ပါတယ်။ အလုပ်နဲ့ အိပ်စက်ခြင်းအကြား ဆက်နွယ်မှုကို ဟားဗက်တက္ကသိုလ်က လေ့လာခဲ့ရာမှာတော့ အိပ်ရာပေါ်မှာ အလုပ်လုံးဝမလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့လက်ပ်တော့နဲ့ အလုပ်လုပ်မယ်ဆို အလုပ်စားပွဲမှာပဲ လုပ်သင့်ပါတယ်။ ညဘက်ရောက်တဲ့အခါ အိပ်ရာပေါ်မှာ အီးမေးလ်တောင် မစစ်သင့်ပါဘူး။
၎။ လက်ဆွဲအိတ်၊ ဘေးလွယ်အိတ်ကို တင်ထားခြင်း

အပြင်သွားတဲ့အခါ လွယ်တဲ့ လက်ဆွဲအိတ်၊ ဘေးလွယ်အိတ်တွေကိုလည်း အိပ်ရာပေါ် မတင်သင့်ပါဘူး။ အဲဒီအထဲက ပစ္စည်းတွေကို ထုတ်ပြီးတော့လည်း အိပ်ရာပေါ် မထားသင့်ပါဘူး။ လုပ်မိရင်တော့ သင်ဟာ ဘက်တီရီးယားတွေကို သင့်အိပ်ရာပေါ် ရွှေ့ပေးတာနဲ့ အတူတူပါပဲ။

၅။ အတွင်းခံနှင့်အိပ်ခြင်း


အိပ်ရာပေါ်မှာ နေတဲ့အခါ အတွင်းခံနဲ့ နေတာလည်းမလုပ်သင့်ပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေအတွက် ရောဂါပိုးနဲ့ ဘက်တီးရီးယားဝင်ရောက်နိုင်ချေ များပါတယ်။ အမျိုးသားတွေ ဒီလိုလုပ်မိရင်တော့ အရည်အသွေးကောင်းတဲ့ သုတ်ပိုးထွက်မှာ မဟုတ်ပါဘူး။

၆။ နှိုးစက်ပေးခြင်း


နှိုးစက်ပေးတာလည်း မလုပ်သင့်ပါဘူး။ သင့်ရဲ့ခန္ဓာကိုယ်က သင်ဘယ်အချိန်ထိ အိပ်ရမလဲဆိုတာ သိပါတယ်။ နှိုးစက်နဲ့ နိုးထရတဲ့အခါ ခန္ဓာကိုယ်အတွင်း လည်ပတ်မှုဟာ ပုံမှန်မဟုတ်ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် နှိုးစက်မြည်တာကိုပိတ်ပြီးတဲ့အခါ အိပ်ရာပေါ်က ထဖို့ ပိုပြီး ခက်ခဲရတာပါ။ ဒါပေမဲ့လည်း ဒီနေ့ခေတ်မှာ များပြားလှတဲ့ အလုပ်တာဝန်တွေကြောင့် နှိုးစက်မပေးရတဲ့သူ မရှိသလောက်ဖြစ်နေပါပြီ။

Credit; ကျန်းမာရေးဆိုင်ရာဗဟုသုတများ




No comments:

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။. Powered by Blogger.