ရာသီလာချိန် နာကျင်ကိုက်ခဲမှုဝေဒနာ သက်သာပျောက်ကင်းစေဖို့
ရာသီလာချိန် နာကျင်ကိုက်ခဲမှုဝေဒနာ သက်သာပျောက်ကင်းစေဖို့
ဟိုးအရင် ဆေးဆိုင်တွေ မရှိသေးတဲ့ အချိန်တုန်းက ဒီရှေးဟောင်းဆေးပညာဟာ မီးယပ်ပေါ်ချိန် နာကျင်ကိုက်ခဲမှု လျော့နည်းသက်သာစေခြင်းအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ဆေးလုံးတွေထက် နာကျင်ကိုက်ခဲမှု ပိုမိုကောင်းမွန် လျော့နည်းသက်သာစေမယ့် အထိရောက်ဆုံး ယင်းရှေးဟောင်းဆေးနည်းကို တင်ဆက်ပေးလိုက်ပါတယ်။
ရာသီလာချိန်နာကျင်ကိုက်ခဲမှု ကာကွယ်နည်းအတွက် လိုအပ်တာတွေကတော့ ကြက်ဆူဆီ၊ ရေနွေးအိတ် နဲ့ ချည်ထည်စတို့ပဲ ဖြစ်ပါတယ်။
လုပ်ပုံလုပ်နည်း………..
နောက်ကြောအောက်ဘက်ပိုင်း၊ အစာအိမ်နဲ့ သားအိမ်ရှိတဲ့နေရာပေါ်ကနေ ကြက်ဆူဆီ လိမ်းပေးပါ။ အရေပြား အဆီဝင်းနေအောင် လိမ်းပေးပါ။
ပက်လက်အိပ်ပြီး ခုနက ဆီလူးထားတဲ့နေရာမှာ ချည်ထည်စဖြင့် အုပ်ထားပြီး အပေါ်မှာ ရေနွေးအိတ်တင်ပြီး ၁၅ - ၂၀ မိနစ်ခန့် ထားပေးရပါမယ်။ ပြီးနောက် ရေနွေးအိတ်ဖယ်ပြီး ချည်စကို အဆီအားလုံး စုပ်ယူစေလိုက်ပါ။
ဒီလိုလုပ်ခြင်းအားဖြင့် ရာသီမလာမီ ရောဂါလက္ခဏာ၊ ကြွက်တက်ခြင်းနဲ့ ဝမ်းဗိုက်နာကျင်ကိုက်ခဲမှုဝေဒနာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
Ref: HFS
Victor.PaaTung - Trend Myanmar
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Mo Mo International Trading Co.,Ltd
(No.Tha-9/140) Bet(64x65)Road - TharyarWaddy Mingyi Road ,
PyiGyi Tagon Township ,Mandalay.
Tel-02-81447,02-81448,09-91016666,09-30331111



Myanmar Kyat Converter
No comments: