Header Ads
Breaking News
recent
စကင်နီ ဂျင်းဘောင်းဘိင်္တွေက မိန်းမအင်္ဂါကို တကယ်ထိခိုက်စေပါသလား..........
>>>>> Zawgyi Version <<<<<
Credit: Trend Myanmar
>>>>> Unicode Version <<<<<
စကင်နီ ဂျင်းဘောင်းဘီတွေ မိန်းမအင်္ဂါကို တကယ်ထိခိုက်စေသလား ...
သင့်မွေးလမ်းကြောင်းမှာ လွဲမှားသွားနိုင်တဲ့ အချက်များစွာရှိပါတယ်။ ကူးစက်ရောဂါမှသည် အန္တရာယ်ဖြစ်စေနိုင်တဲ့ ထိတ်လန့်စရာ ရောဂါလက္ခဏာအထိ သင့် အမျိုးသမီးအင်္ဂါကို ကောင်းစွာဂရုစိုက်မှု မလုပ်ပါက ကသိကအောက်ဖြစ်စေမှုအပြင် ကြောက်စရာကောင်းတဲ့ ပြသနာမျိုးစုံဖြစ်စေပါတယ်။ ကျွနု်ပ်တို့ ဝတ်စားဆင်ယင်တဲ့ အဝတ်အစားတို့ကလည်း တစ်ခါတစ်လေ ကိုယ့်ရဲ့အင်္ဂါကို ပြသနာဖြစ်စေတတ်ပြန်ပါတယ်။
မိန်းမအင်္ဂါရောဂါကူးစက်ခြင်းတို့လို ကူးစက်ရောဂါ သို့မဟုတ် တခြားရောဂါဘယတွေ ဖြစ်ပွားစေတဲ့အရာတွေ အင်တာနက်မှာ ရှာကြည့်ပါက ဂျင်းဘောင်းဘီဝတ်ဆင်ခြင်းဖြင့် ယင်းပြသနာတွေ ဖြစ်ပွားစေနိုင်ကြောင်း သတိပေးချက် တွေ့ရှိနိုင်ခြေ ပိုများပါတယ်။
အဲ့တော့ ဒါဟာ ယားယံကျိန်းစပ်မှုမဖြစ်အောင် တားဆီးဖို့ စကင်နီဂျင်းဘောင်းဘီတွေ စွန့်လွတ်ရမယ့် အဓိပ္ပါယ်လား။ ယင်းကိစ္စနဲ့ ပတ်သက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးကို မေးမြန်းထားပါတယ်။
ဘောင်းဘီအကျပ်တွေက မိန်းမအင်္ဂါကို ယားယံကျိန်းစပ်စေနိုင်ပေမယ့် ရောဂါကူးစက်မှု ပြသနာမျိုးသာ ဖြစ်ပုံရပါတယ်။
အထူးသဖြင့် ဂျင်းဘောင်းဘီအကျပ်တွေကြောင့်ဖြစ်တဲ့ အကြီးမားဆုံးပြသနာဟာ သားအိမ်လမ်းကြောင်းဝနဲ့ ပွတ်တိုက်မိပြီး ကျိန်းစပ်မှု ဖြစ်ပေါ်စေနိုင်တာပါပဲ။
တချို့အမျိုးသမီးများ အထိမခံ ပိုဖြစ်ကြသူတွေ ရှိတယ်လို့ ဖိုမမျိုးပွားမှု ကျန်းမာရေးဆိုင်ရာ အထူးပြုလေ့လာနေတဲ့ Tami Rowen, M.D က ဆိုပါတယ်။ သားအိမ်ခေါင်းနဲ့ ပွတ်မိတိုက်မိနေတဲ့ ဘောင်းဘီကျပ်ကျပ်တွေက ကျိန်းစပ်မှု ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ယားယံခြင်း၊ အရေပြားနီမြန်းခြင်းနဲ့ ကျိန်းစပ်ခြင်းတို့လို ကူးစက်ရောဂါနဲ့ အလားသဏ္ဍာန်တူညီတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပွားစေနိုင်ပါတယ်။
တချို့သူတွေ ဒီယားယံကျိန်းစပ်မှုကို ကူးစက်ရောဂါနဲ့ တလွဲထင်နိုင်ပါတယ်။ စကင်နီဂျင်းဘောင်းဘီတွေ ကိုယ်၌က အနံ့အသက်ပိုထွက်ခြင်း သို့မဟုတ် ဘက်တီးရီးယားတွေ ဖြစ်စေသည့်တိုင် အလားအလာ နည်းပါတယ်။
သဘောတရားအရ ဂျင်းဘောင်းဘီကျပ်ကျပ်လေးတွေက အန္တရာယ်ပိုဖြစ်စေနိုင်ပါတယ်။ ၄င်းနေရာရှိ အပူငွေ့နဲ့ အစိုဓာတ်တွေ ပိတ်မိကာ လေဝင်လေထွက် လျော့နည်းစေပြီး ဘက်တီးရီးယား ရှင်သန်ပေါက်ပွားနိုင်တဲ့ ဝန်းကျင်ကောင်းတစ်ခု ဖန်တီး ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ယားယံကျိန်းစပ်၊ ဘက်တီးရီးယားကူးစက်မှုတွေ ပိုဖြစ်တတ်တဲ့ အမျိုးသမီးများ ချည်သားအတွင်းခံဘောင်းဘီ ဝတ်ပြီး မကြာမကြာ လှဲလှယ်ပေးသင့်ပါတယ်။ တစ်နေ့ တစ်ကြိမ်လဲတာ လုံလောက်ပေးမယ့် ထိုထက်မက လဲဝတ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
Credit: Trend Myanmar
No comments:
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။. Powered by Blogger.