Header Ads

Breaking News
recent

ပြောပြမယ် မိန်းမဆိုတာ



"ပြောပြမယ် မိန်းမဆိုတာ...
•••••••••••••••••••••••••
မိန်းမဆိုတာ...
ဘယ်လောက်ပဲ စီးပွါးရှာတတ်ပါစေ...
မောပန်းလာရင် သူအရင်ဆုံးရှာတာက သူချစ်သူ လက်မောင်းတဖက် ဖြစ်တယ်....
မိန်းမဆိုတာ...
ဘယ်လောက်ပဲ သူ့ ခြေပေါ်ရပ်တည်နိုင်ပါစေ...
သူ့ချစ်တဲ့ယောင်္ကျားရှေ့  ကလေးလို ကပ်ချွဲချင်တတ်ကြတယ်...
မိန်းမဆိုတာ...
ဘယ်လောက်ပဲ..ပညာတွေတတ်နေပါစေ...
သူချစ်တဲ့ယောင်္ကျားကို ဘာမှမသိသလိုလေးနေပြီး အားကိုးချင်တတ်ကြတယ်...
မိန်းမဆိုတာ...
ဘယ်လောက်ပဲ...ချောမောနေပါစေ
သူ့ ရှေ့ ရောက်ရင် ပိုပီးကို လှချင်နေတတ်ပြန်တယ်....
မိန်းမဆိုတာ...
ဘယ်လောက်ပဲ..ဥစ္စာဓနတွေပြည့်စုံနေပါစေ...
ချစ်သူက သူမနံဘေး နေပေးတာလောက် ဘယ်အရာကမှ ပြည့်စုံစေတယ်မထင်ဘူး
မိန်းမဆိုတာ...
ဘယ်လောက်ပဲ အကောင်းကြိုက်သူဖြစ်နေပါစေ...
သူမချစ်တဲ့ ယောင်္ကျားနဲ့ ယှဉ်လာရင် ဘာမှ မတပ်မက်တတ်ကြဘူး...
မိန်းမဆိုတာ..
သူ့ ချစ်သူဆီက အချစ်ကို အကုန်ရထားတာသိနေပေမဲ့ လက်ကျန်မရှိ အပြည့်အဝကို ချစ်စေချင်တဲ့ လောဘလေးလည်း ရှိကြသေးတယ်....
မိန်းမဆိုတာ...
ဘယ်လောက်ပဲ ကိုယ့်နဲ့စကားတွေပြောနေပါစေ...
စကားထဲ တခြားသူနာမည်ပါလာရင်ကို မဟုတ်မှန်းသိသိချည်းနဲ့ အူတိုတတ်ကြသေးတယ်...
မိန်းမဆိုတာ...
ဘယ်လောက်ပဲ စိန်တွေ ရွှေတွေပေါနေပါစေ...
ချစ်သူဝယ်ကျွေးတဲ့ ပီကေလေးတခုက စိန်ရွှေတွေထက် တန်ဖိုးပိုကြီးနေတတ်တယ်...
မိန်းမဆိုတာ...
သူ့ ချစ်သူက သူမတယောက်တည်းကိုပဲ ချစ်တယ်ပြောနေပေမဲ့ သူမကလွဲပီး ဘယ်သူမှမချစ်ဘူးလို့ ကြားချင်ကြပြန်သေးတယ်...
မိန်းမဆိုတာ...
ဘယ်လောက်ပဲ..ရင့်ကျက်နေပါစေ
သူချော့တာလေးခံချင်လို့  အနည်းဆုံးတော့ စကားအတိုက်အခံလုပ်ပီး စိတ်ဆိုးပြတတ်ကြသေးတယ်....
မိန်းမဆိုတာ ...
အပြင်က ကြည့်ရင် စိတ်မာတယ်လို့သာ ထင်ရတာ...တခါတလေ သူများတွေထက် နူးညံ့တဲ့အချိန်လည်း ရှိတတ်ကြတယ်...
တကယ်တော့ ....
မိန်းမဆိုတာလေ.... သူချစ်တဲ့သူနဲ့ဆိုရင်...
အရမ်းလည်း ချစ်တတ်တယ်...
အရမ်းလည်း ရစ်တတ်တယ်...
အရမ်းလည်း စိတ်ကောက်တတ်တယ်...
အရမ်းလည်း ဆိုးတတ်တယ်...
အရမ်းလည်း ချွဲတတ်တယ်...
အရမ်းလည်း စိတ်နာတတ်တယ်...
အရမ်းလည်း အချော့ကြိုက်တယ်...
အရမ်းလည်း လှချင်တယ်...
အရမ်းလည်း အူတိုတတ်တယ်...
အရမ်းလည်း ခံစားတတ်တယ်...
အရမ်းလည်း လောဘကြီးတယ်...
ဒါတွေကို သေချာ မသိဘဲ....
မိန်းမတယောက်ကို သင်ချစ်ဖို့ မစဉ်းစားပါနဲ့ ....
😄😄😅
Thank you!😊
CREDIT; Nannan Oo
 




No comments:

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။. Powered by Blogger.