Header Ads

Breaking News
recent

အမျိုးသမီးလိင်အင်္ဂါ အထဲကို ဆေးကြောတာဟာ ကင်ဆာရောဂါကို နှစ်ဆပိုမိုဖြစ်ပွားစေနိုင်


အမျိုးသမီးလိင်အင်္ဂါ အထဲကို ဆေးကြောတာဟာ ကင်ဆာရောဂါကို နှစ်ဆပိုမိုဖြစ်ပွားစေနိုင်





အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ အမျိုးသမီးအင်္ဂါထဲကိုဆေးကြောတာဟာ သားအိမ်ခေါင်း
 ကင်ဆာအပါအဝင် 

ကင်ဆာရောဂါကို နှစ်ဆပိုမိုဖြစ်ပွားစေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ 

အမေရိကန်ပြည်ထောင်စု၊ အမျိုးသားသုတေသနနဲ့ ကျန်းမာရေး ပတ်ဝန်းကျင်သိပ္ပံကျောင်းက 

သုတေသီတွေဟာ အမေရိကန်နဲ့ ပွာတိုရီကိုနိုင်ငံက အမျိုးသမီး ၄၀,၀၀၀ ကို တစ်နှစ်ကျော်ကြာလေ့လာခဲ့တာ ဖြစ်ပါတယ်။
ဒီကာလကို ပြီးသွားတဲ့နောက်မှာ အမျိုးသမီး ၁၅၄ယောက်ထံမှာ 
သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားလာနိုင်ခြေရှိတာကို တွေ့ရှိခဲ့ရတာပါ။ ဒါဟာဆိုရင် 
အမျိုးသမီးတွေအနေနဲ့ ရေချိုးနေတဲ့အချိန်မှာ အမျိုးသမီး အင်္ဂါထဲကို ရေပန်းနဲ့ဆေးတာ 
အရည်နဲ့ ဆေးတာတွေအတွက် အကျုံးဝင်တာလည်း ဖြစ်ပါတယ်။ ဒီလိုဆေးကျောတာဟာ 
သားအိမ်လမ်းကြောင်းထဲမှာရှိတဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့
 ဘက်တီးရီးယားတွေကိုပါ သေစေနိုင်တာကြောင့် ဆရာဝန်တွေကတော့ အကြံပြုခြင်း မပြုလုပ်ကြပါဘူး။

ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ အမျိုးသမီးအင်္ဂါဟာ အလိုလိုသန့်စင်ပြီးသားဖြစ်တယ်လို့ 
ဆိုပါတယ်။ ယခင်က လေ့လာခဲ့တဲ့ လေ့လာတွေ့ရှိချက်တွေအရဆိုရင် Douche လုပ်တာဟာ 
ကင်ဆာရောဂါအပါအဝင် ရောဂါတွေကို ဖြစ်ပွားစေနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: Daily Express, Independence

No comments:

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။. Powered by Blogger.