အမ ်ိ ဳ းသမီးမ်ားအတြက္ ေက်က္ခ်ဥ္
>>>>>
Zawgyi Version <<<<<
အမ်ိဳးသမီးမ်ားအတြက္ ေက်ာက္ခ်ဥ္
အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ က်န္မာေရးကိစၥမွာ ဝန္ပုိေတြ
ရွိၾကပါတယ္။ အခု က်မတင္ျပမယ့္ အမ်ိဳးသမီး က်န္းမာေရးနဲ႔ပတ္သက္တဲ့ အေၾကာင္းမွာ
ေက်ာက္ခ်ဥ္နဲ႔ပတ္သက္ၿပီး အစြမ္းထက္ျမက္မႈ တခ်ဳိ႕ပါ။
ေက်ာက္ခ်ဥ္လုိ႔ ေျပာလိုက္ရင္ ျမန္မာစာဖတ္ပရိသတ္တုိင္း
သိနားလည္ၿပီးျဖစ္ေနပါလိမ့္မယ္။ လူတုိင္း၊ ပစၥည္းတုိင္းမွာ သူ႔ တန္ဘုိး ကိုယ္စီ
အသီးသီး ရွိတတ္ၾကစၿမဲျဖစ္တာမုိ႔ ေက်ာက္ခ်ဥ္ကလည္း သူ႔အစြမ္းက သီးျခားရွိပါတယ္။
ေက်ာက္ခ်ဥ္ကို Alum
လုိ႔ ေခၚၿပီး အလူမီနီယမ္ ဆာလဖိတ္၊ ပိုတက္ဆီယမ္ ဆာလဖိတ္တုိ႔ပါ၀င္တဲ့ ဓာတု တြင္းထြက္
တမ်ိဳး ျဖစ္ပါတယ္။
ေက်ာက္ခ်ဥ္ဟာ အမ်ိဳးသမီးေတြအတြက္ အသံုးအတည့္ဆံုးတခုလို႔ ေျပာရင္
မမွားပါဘူး။ မိန္းမပ်ိဳက အစ၊ ကိုယ္၀န္မရႏုိင္လုိ႔ ကေလးလုိခ်င္ေနတဲ့ အိမ္ေထာင္သည္
အလယ္၊ ေသြးဆံုးေနတဲ့ အမ်ိဳးသမီးေတြအဆံုး ေက်ာက္ခ်ဥ္က အလြန္အသံုး၀င္ပါတယ္။
အမ်ိဳးသမီးက်န္းမာေရးမွာ အမ်ိဳးသမီးတုိင္း
မိန္းမကိုယ္သန္႔ရွင္းေရးဟာ အလြန္အေရးႀကီးပါတယ္။ အမ်ိဳးသမီးေတြ ကိုယ္နံ႔ ထြက္တာ၊
စိတ္လက္ မလန္းဆန္းပဲ သြက္လက္မႈ မရွိျဖစ္ေနတာေတြဟာ၊ ယားယံတတ္တာေတြဟာ မိန္းမကိုယ္
သန္႔ရွင္းေရးကိစၥနဲ႔ တိုက္ရိုက္ပတ္သက္ၿပီး အဆုိပါကိစၥမွာ ေက်ာက္ခ်ဥ္က အလြန္အသံုးတည့္ပါတယ္။
ဒီအျပင္ ခုေခတ္မွာ နာမည္ႀကီးေနၿပီး ကာကြယ္ေဆးေတြ ေငြကုန္ခံ
ထုိးေနရတဲ့ သားအိမ္ေခါင္း ကင္ဆာလုိမ်ိဳး မျဖစ္ပြားေအာင္ ဟန္႔တား ကာကြယ္ႏိုင္မႈမွာ
ေက်ာက္ခ်ဥ္ဟာလည္း အက်ိဳးအလြန္ရွိပါတယ္။
ကိုယ္၀န္ကို က်န္းမာစြာ လြယ္လုိသူ အိမ္ေထာင္ရွင္ အမ်ိဳးသမီးေတြအတြက္လည္း
ေက်ာက္ခ်ဥ္က အစြမ္းထက္ပါတယ္။
ကေလးမရလုိ႔ စိတ္ညစ္ေနရသူမ်ားအတြက္လည္း အလြန္အသံုးတည့္ပါတယ္။
ကေလးမရလုိ႔ စိတ္ညစ္ေနရသူမ်ားအတြက္လည္း အလြန္အသံုးတည့္ပါတယ္။
ဒီအျပင္ ရာသီလာခ်ိန္ ေခါင္းကိုက္တာ၊ ကိုယ္လက္ အဆစ္အျမစ္ကိုက္ခဲတာ၊
ေသြးလန္႔တတ္တာ၊ ရာသီ မမွန္ပဲ လာရန္ခက္ခဲတာေတြအတြက္လည္း ေက်ာက္ခ်ဥ္က အသံုး၀င္ပါတယ္။
ၿပီးေတာ့ ေသြသား သန္႔ရွင္းၿပီး အသားအေရစိုေျပမႈေတြကိုလည္း
ေက်ာက္ခ်ဥ္က စြမ္းေဆာင္ေစပါတယ္။ ေခြ်းေပါက္က်ယ္တာအစ ဒြါရေပါက္ေတြလည္း က်ယ္တာကိုလည္း က်ဥ္းေစတဲ့ သတၱိရွိပါတယ္။
ေက်ာက္ခ်ဥ္က စြမ္းေဆာင္ေစပါတယ္။ ေခြ်းေပါက္က်ယ္တာအစ ဒြါရေပါက္ေတြလည္း က်ယ္တာကိုလည္း က်ဥ္းေစတဲ့ သတၱိရွိပါတယ္။
ေက်ာက္ခ်ဥ္ကုိ အသံုးျပဳပံုကေတာ့-
အင္တုံတခု သို႔မဟုတ္ ပလပ္စတစ္ ဇလံုႀကီး တခုထဲမွာ ေက်ာက္ခ်ဥ္ကို
သင့္တင့္တဲ့ ပမာဏထည့္ၿပီး ေပ်ာ္၀င္သည္ထိ ေစာင့္ပါ။ ၿပီးရင္
အမ်ိဳးသမီးမ်ားအေနနဲ႔ မိမိရဲ႕ မိန္းမကုိယ္ကို အဆုိပါ ဇလံုတြင္း ေက်ာက္ခ်ဥ္ ေရျဖင့္ တေန႔လွ်င္ ၁၅ မိနစ္ေလာက္ စိမ္ေပးပါ။
အမ်ိဳးသမီးမ်ားအေနနဲ႔ မိမိရဲ႕ မိန္းမကုိယ္ကို အဆုိပါ ဇလံုတြင္း ေက်ာက္ခ်ဥ္ ေရျဖင့္ တေန႔လွ်င္ ၁၅ မိနစ္ေလာက္ စိမ္ေပးပါ။
လုပ္နည္းလုပ္ဟန္က အင္မတန္ ရုိးစင္းၿပီးလြယ္ေပမယ့္ ေန႔စဥ္ပံုမွန္
လုပ္ေဆာင္ေပးျခင္း ဆုိတဲ့အရာကို အမ်ိဳးသမီးေတာ္ေတာ္ မ်ားမ်ားမွာ
အခက္အခဲေတြ႔တတ္ၾကပါတယ္။ ဒါကိုေတာ့ သတိျပဳေစခ်င္ပါတယ္။
ေန႔စဥ္ ၁၅ မိနစ္တာ ကုိယ့္က်န္းမာေရးအတြက္ အခ်ိန္ေပးၿပီး
ေက်ာက္ခ်ဥ္ေရ စိမ္ေပးျခင္းေၾကာင့္ ရရွိလာမယ့္ ရလာဒ္က ႀကီးမားလွပါတယ္။
ပ်ိိဳေမတုိ႔မွသည္ သက္ႀကီးရြယ္အုိ အမ်ိဳးသမီးႀကီးေတြအထိ အသံုးတည့္ၿပီး
အက်ိဳးရွိတဲ့နည္းလမ္းတခုလည္းျဖစ္ပါတယ္။ ေငြကုန္ေက်းက်လည္း အလြန္နည္းၿပီး
ခက္ခဲမႈလည္းမရွိပါဘူး။
Credit to ဧရာ၀တီ
>>>>> Unicode Version
<<<<<
အမျိုးသမီးများအတွက် ကျောက်ချဉ်
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကျန်မာရေးကိစ္စမှာ ဝန်ပိုတွေ
ရှိကြပါတယ်။ အခု ကျမတင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ပတ်သက်ပြီး
အစွမ်းထက်မြက်မှု တချို့ပါ။
ကျောက်ချဉ်လို့ ပြောလိုက်ရင် မြန်မာစာဖတ်ပရိသတ်တိုင်း သိနားလည်ပြီးဖြစ်နေပါလိမ့်မယ်။
လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့ တန်ဘိုး ကိုယ်စီ အသီးသီး ရှိတတ်ကြစမြဲဖြစ်တာမို့ ကျောက်ချဉ်ကလည်း
သူ့အစွမ်းက သီးခြားရှိပါတယ်။
ကျောက်ချဉ်ကို Alum လို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊
ပိုတက်ဆီယမ် ဆာလဖိတ်တို့ပါ၀င်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။
ကျောက်ချဉ်ဟာ အမျိုးသမီးတွေအတွက် အသုံးအတည့်ဆုံးတခုလို့
ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန်မရနိုင်လို့ ကလေးလိုချင်နေတဲ့ အိမ်ထောင်သည်
အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေအဆုံး ကျောက်ချဉ်က အလွန်အသုံးဝင်ပါတယ်။
အမျိုးသမီးကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမကိုယ်သန့်ရှင်းရေးဟာ
အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု
မရှိဖြစ်နေတာတွေဟာ၊ ယားယံတတ်တာတွေဟာ မိန်းမကိုယ် သန့်ရှင်းရေးကိစ္စနဲ့ တိုက်ရိုက်ပတ်သက်ပြီး
အဆိုပါကိစ္စမှာ ကျောက်ချဉ်က အလွန်အသုံးတည့်ပါတယ်။
ဒီအပြင် ခုခေတ်မှာ နာမည်ကြီးနေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ
ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာလိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ်နိုင်မှုမှာ
ကျောက်ချဉ်ဟာလည်း အကျိုးအလွန်ရှိပါတယ်။
ကိုယ်ဝန်ကို ကျန်းမာစွာ လွယ်လိုသူ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက်လည်း
ကျောက်ချဉ်က အစွမ်းထက်ပါတယ်။
ကလေးမရလို့ စိတ်ညစ်နေရသူများအတွက်လည်း အလွန်အသုံးတည့်ပါတယ်။
ဒီအပြင် ရာသီလာချိန် ခေါင်းကိုက်တာ၊ ကိုယ်လက် အဆစ်အမြစ်ကိုက်ခဲတာ၊
သွေးလန့်တတ်တာ၊ ရာသီ မမှန်ပဲ လာရန်ခက်ခဲတာတွေအတွက်လည်း ကျောက်ချဉ်က အသုံးဝင်ပါတယ်။
ပြီးတော့ သွေသား သန့်ရှင်းပြီး အသားအရေစိုပြေမှုတွေကိုလည်း
ကျောက်ချဉ်က စွမ်းဆောင်စေပါတယ်။ ချွေးပေါက်ကျယ်တာအစ ဒွါရပေါက်တွေလည်း
ကျယ်တာကိုလည်း ကျဉ်းစေတဲ့ သတ္တိရှိပါတယ်။
ကျောက်ချဉ်ကို အသုံးပြုပုံကတော့-
အင်တုံတခု သို့မဟုတ် ပလပ်စတစ် ဇလုံကြီး တခုထဲမှာ ကျောက်ချဉ်ကို
သင့်တင့်တဲ့ ပမာဏထည့်ပြီး ပျော်ဝင်သည်ထိ စောင့်ပါ။ ပြီးရင်
အမျိုးသမီးများအနေနဲ့ မိမိရဲ့ မိန်းမကိုယ်ကို အဆိုပါ ဇလုံတွင်း
ကျောက်ချဉ် ရေဖြင့် တနေ့လျှင် ၁၅ မိနစ်လောက် စိမ်ပေးပါ။
လုပ်နည်းလုပ်ဟန်က အင်မတန် ရိုးစင်းပြီးလွယ်ပေမယ့် နေ့စဉ်ပုံမှန်
လုပ်ဆောင်ပေးခြင်း ဆိုတဲ့အရာကို အမျိုးသမီးတော်တော် များများမှာ အခက်အခဲတွေ့တတ်ကြပါတယ်။
ဒါကိုတော့ သတိပြုစေချင်ပါတယ်။
နေ့စဉ် ၁၅ မိနစ်တာ ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးပြီး
ကျောက်ချဉ်ရေ စိမ်ပေးခြင်းကြောင့် ရရှိလာမယ့် ရလာဒ်က ကြီးမားလှပါတယ်။
ပျိိုမေတို့မှသည် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေအထိ
အသုံးတည့်ပြီး အကျိုးရှိတဲ့နည်းလမ်းတခုလည်းဖြစ်ပါတယ်။ ငွေကုန်ကျေးကျလည်း အလွန်နည်းပြီး
ခက်ခဲမှုလည်းမရှိပါဘူး။
Credit to ဧရာဝတီ
No comments: