အမ ်ိဳးသမီးမ်ား၏ တိတ္တဆိတ္ရန္သူမ်ား
>>>>> Zawgyi Version <<<<<
အမ်ိဳးသမီးမ်ား၏ တိတ္တဆိတ္ရန္သူမ်ား
“ပုခက္လႊဲတဲ့လက္ဟာ ကမၻာႀကီးကိုလႊမ္းမိုးႏိုင္စြမ္းရွိတယ္” ဆိုတဲ့ အဆိုကို လူတိုင္းသိၾကေပမယ့္ ပုခက္လြဲမယ့္ လက္ပိုင္ရွင္အမ်ိဳးသမီးေတြဟာ မထင္မရွားေရာဂါေတြကို ခံစားေနရတာကိုေတာ့ လူတိုင္းမသိပါဘူး။ တခ်ိဳ႕ အမ်ိဳးသမီးေတြဆိုရင္ မိမိတို႔မွာ ဒီလိုမ်ိဳးေရာဂါေတြရွိေနတယ္ဆိုတာကိုေတာင္ မရိပ္စားမိၾကပါဘူး။ ကမၻာေပၚ မွာရွိတဲ့ သန္းေပါင္းမ်ားစြာေသာ အမ်ိဳးသမီးေတြဟာ သူတို႔ဆီကို တိတ္တဆိတ္ဝင္ေရာက္ေနတဲ့ အေျခအေနေတြကို သတိမထားမိၾကပါဘူး။ အဲဒီေရာဂါေတြဟာ သာမန္ျဖစ္ေနက် အပယိကနာဖ်ားမႈ လကၡဏာေတြကိုသာ ဟန္ျပ အေနနဲ႔ ေဖာ္ျပတတ္တာေၾကာင့္ ေတာ္ေတာ္မ်ားမ်ားက သူ႔ကို ေရာဂါတစ္ခုလို႔ မသတ္မွတ္ေတာ့ဘဲ ေပါ့ေပါ့ဆဆ ေနမိတတ္ပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ဟာ ဘာေၾကာင့္ မွန္းမသိဘဲ ႏံုုးေနတာ၊ ပိန္လာတာ၊ ဝလာတာ၊ ျြကက္သားမ်ားနာက်င္တာ၊ ဗိုက္နာတာ၊ ရာသီလာစဥ္ျပင္းျပင္းထန္ထန္ နာက်င္ကိုက္ခဲတာမ်ိဳးရွိလာခဲ့ရင္ေတာ့ အဲဒီအမ်ိဳးသမီးမွာ တစ္စံုတစ္ရာမွားယြင္းေနၿပီလားဆိုတာကို ျပန္ဆန္းစစ္ၾကည့္ဖို႔ လိုအပ္ပါတယ္။
၁။ သားအိမ္အေျမွးပါး ေနရာလြဲျခင္း (Endometriosis)
Endometrium ဆိုတာ သားအိမ္အတြင္းမွာ တည္ရွိေနတဲ့အလႊာျဖစ္ၿပီး သူ႔ဆီမွာ ဂလင္း (Glands)ေတြ အမ်ားႀကီးရွိပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ရာသီေသြးေပၚခ်ိန္ကေန သားဥေၾကြခ်ိန္အတြင္း အဲဒီအလႊာဟာ ပိုၿပီး ထူလာပါတယ္။ သားဥေၾကြခ်ိန္ေရာက္လို႔မွ သေႏၶတည္ခြင့္မရဘူးဆိုရင္ေတာ့ အဲဒီအလႊာဟာ ကြာက်ၿပီး အျပင္ကို ေသြးေတြအေနနဲ႔ထြက္သြားပါတယ္။ ဒါကို ရာသီလာတယ္လို႔သတ္မွတ္ၾကတာပါ။ သားအိမ္အေျမွးပါး ေနရာလြဲ တယ္ဆိုတာကေတာ့ သားအိမ္အတြင္းမွာရွိရမယ့္ Endometrium အလႊာဟာ တျခားေနရာေတြကို လြဲမွားစြာ ေရာက္ရွိေနျခင္းပါ။ မ်ားေသာအားျဖင့္ေတာ့ ဝမ္းဗိုက္၊ ဆီးအိမ္တို႔ဆီကို ေရာက္တာမ်ားပါတယ္။
အဲဒီေနရာေတြမွာလည္း Endometrium အလႊာေတြဟာ ရာသီလာသလိုပဲ အခ်ိန္တန္ရင္ ကြာက် ေနေပမယ့္ ဒီေသြးေတြဟာ အျပင္ကို ထြက္ခြင့္မရပါဘူး။ အဲဒီကေနသူတို႔ဟာ အရည္အိတ္ေတြအျဖစ္ တျဖည္းျဖည္း ႀကီးထြားလာၿပီး ၾကာလာရင္ စပ်စ္သီးခိုင္လိုမ်ိဳး ျဖစ္လာပါတယ္။ ဒီအခါမွာ ျပင္းျပင္းထန္ထန္နာက်င္ျခင္း၊ အတြင္းပိုင္းမွာ ေသြးယိုျခင္း၊ ေသြးႏွင့္ တစ္သွ်ဴးမ်ား ပုပ္သိုးျခင္း၊ တစ္သွ်ဴးမ်ားေရာင္ရမ္းျခင္းတို႔ကို ေနာက္ဆက္တြဲ အေနနဲ႔ ႀကံဳေတြ႕ရပါလိမ့္မယ္။
သားအိမ္အေျမွးပါး ေနရာလြဲျခင္း (Endometriosis) ဟာ ဆီးအိမ္ေတြ၊ အူေတြရဲ့ အလုပ္လုပ္တဲ့ေနရာ၊ လႈပ္ရွားတဲ့ေနရာေတြမွာပါ အခက္အခဲေတြျဖစ္လာေစပါတယ္။ ဒီေရာဂါကိုခံစားရေတာ့မယ္ဆိုရင္ ရာသီလာစဥ္မွာ ျပင္းျပင္းထန္ထန္ နာက်င္ကိုက္ခဲျခင္း၊ ခါးနာျခင္း၊ ေျခေထာက္နာျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ဝမ္းသြားျခင္း၊ အမ်ိဳးသားႏွင့္ အတူေနစဥ္နာက်င္ျခင္း၊ ဆီးသြားစဥ္ နာျခင္း (သို႔) ပူျခင္း၊ ဝမ္းဗိုက္ ျြကက္တက္ျခင္း၊ ဆီးသြားရင္း ေသြးပါျခင္းတို႔ကို ႀကံဳေတြ႕ရတတ္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္ဟာ ရာသီလာစဥ္နာက်င္တယ္ ဆိုတာကို ပံုမွန္ဆိုၿပီး ေပါ့ေပါ့တန္တန္သေဘာမထားဘဲ ေနာက္ဆက္တြဲလကၡဏာ ေတြကို မ်က္ေခ်မျပတ္ ေစာင့္ၾကည့္သင့္ပါတယ္။
၂။ တာရွည္ပင္ပန္းမႈေရာဂါစု (Chronic Fatigue Syndrome – CFS)
CFS ကိုခံစားရတဲ့အမ်ိဳးသမီးေတြက်ေတာ့ အေၾကာင္းရင္းမရွိဘဲ ေမာပန္းေနတတ္ပါတယ္။ ေမာပန္း ႏြမ္းနယ္မႈဟာ အရမ္းျပင္းထန္တာေၾကာင့္ ေန႔စဥ္လႈပ္ရွားသြားလာမႈေတြကို အဟန္႔အတားျဖစ္လာပါတယ္။ ညဘက္ေတြမွာေကာင္းစြာ အိပ္စက္ၿပီးအနားယူတာေတာင္ ပင္ပန္းႏြမ္းနယ္မႈေတြဟာ ေပ်ာက္ကြယ္မသြားပါဘူး။ ရုတ္တရက္ ဆက္တိုက္ပင္ပန္းေနတာမ်ိဳးျဖစ္တတ္သလို ျပတ္ေတာင္းျပတ္ေတာင္းနဲ႔ ျပင္းျပင္းထန္ထန္ ခံစားရ တတ္တာမ်ိဳးလည္းရွိပါတယ္။ ဒီလိုခံစားရတာေတြဟာ လေပါင္းမ်ားစြာကေန ႏွစ္ေတြအထိေတာင္ ၾကာတတ္ ပါတယ္။
မ်ားေသာအားျဖင့္ေတာ့ CFS ဟာ ေလျပြန္္ေရာင္တာ၊ အသည္းေရာင္တာ၊ အူနဲ႔ပတ္သက္တဲ့ေရာဂါေတြ၊ ရိုးရိုးအေအးမိတာေတြရဲ့ ေနာက္ဆက္တြဲအေနနဲ႔ ေတြ႕ရတတ္ပါတယ္။ တခါတေလေတာ့လည္း ဘာေရာဂါနဲ႔ မွမတြဲဘဲ သီးျခားခံစားရတတ္ပါတယ္။ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ပင္ပန္းႏြမ္းနယ္မႈေတြဟာ ျပင္းထန္ၿပီး အၿမဲ လိုလိုခံစားေနရမယ္၊ အလုပ္အကိုင္ေတြ၊ ေပါင္းသင္းဆက္ဆံေရးေတြကိုပါ ထိခိုက္လာမယ္ဆိုရင္ေတာ့ သက္ဆိုင္ ရာဆရာဝန္နဲ႔ျပသၿပီး ေရာဂါအေၾကာင္း ေဆြးေႏြးဖို႔လိုအပ္လာပါၿပီ။
CFS ကိုကုသမယ္ဆိုရင္ စိတ္ပိုင္းဆိုင္ရာေရာ၊ ရုပ္ပိုင္းဆိုင္ရာအေျခအေနေတြကိုပါ ထည့္တြက္ရပါလိမ့္မယ္။ CFS ကို အၿပီးတိုင္သက္သာေပ်ာက္ကင္းေစတယ္ဆိုတဲ့ ေဆးမ်ိဳးေတာ့ မရွိေသးပါဘူး။ ေလာေလာဆယ္ သက္သာဖို႔၊ ကာကြယ္ဖို႔ေလာက္ပဲ တတ္ႏိုင္ပါတယ္။ အားကစားလုပ္တာကေတာ့ ရုပ္ပိုင္းဆိုင္ရာ ႏြမ္းနယ္မႈေတြကို သက္သာေစၿပီး စိတ္က်ေရာဂါရဲ့လကၡဏာဆိုရင္လည္း စိတ္က်ေရာဂါကိုကုသတဲ့ ေဆးမ်ားကို သံုးစြဲေပးရင္ ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။
CFS ျဖစ္ရတဲ့အေၾကာင္းအရင္းကိုေတာ့ အခုထက္ထိ တိတိက်က် မသိရေသးပါဘူး။ ေသြးထဲမွာ သံဓါတ္နည္းေနျခင္း၊ ေသြးတြင္းသၾကားဓါတ္ေလ်ာ့က်ေနျခင္း၊ ပတ္ဝန္းက်င္ႏွင့္ ဓါတ္မတည့္မႈ၊ မိႈစြဲကပ္ျခင္း တို႔ေၾကာင့္ ျဖစ္ရတယ္လို႔လည္းခန္႔မွန္းၾကပါတယ္။ CFS ခံစားေနရတဲ့ အမ်ိဳးသမီးေတြဟာ အခ်ိန္ၾကာလာတာနဲ႔ အမွ် စိတ္က်ေရာဂါကိုပါ တြဲဖက္ခံစားရတတ္တာေၾကာင့္ သတိထားဖို႔လိုပါတယ္။ ေခါင္းကိုက္ျခင္း၊ ျပန္ရည္က်ိတ္မ်ားနာက်င္ျခင္း၊ ႏံုးေနျခင္း၊ အားနည္းျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ၾကြက္သားမ်ားနာျခင္း၊ အာရံုမစိုက္ႏိုင္ ျခင္းတို႔ဟာ CFS ကို ႀကိဳတင္သိႏိုင္တဲ့ သဲလြန္စေတြျဖစ္တာေၾကာင့္ အဲဒီလကၡဏာေတြထဲက ၄ ခုေလာက္ရွိေနရင္ CFS ျဖစ္ေနတယ္လို႔ သတ္မွတ္လို႔ရပါတယ္။
၃။ မွ်င္ထူျြကက္သားမ်ားေရာင္ရမ္းျခင္း (Fibromyalgia)
မွ်င္ထူျြကက္သားေတြ ေရာင္ရမ္းတယ္ဆိုတာ ၾကြက္သားေတြ၊ အရိုးေတြကိုတြယ္ဆက္ထားတဲ့ အရြတ္ေတြ၊ အရိုးေတြကို ဆိုင္းထားတဲ့တြယ္ဆက္တစ္သွ်ဴးေတြ ေရာင္ရမ္းတာပါပဲ။ ေဆးပညာအသံုးအႏႈန္းနဲ႔ဆိုရင္ေတာ Fibromyalgia Syndrome လို႔သတ္မွတ္ၾကပါတယ္။ လူနာေတြအေနနဲ႔ အလုပ္ပင္ပင္ပန္းပန္းလုပ္ထားရသလို နာက်င္ေနတတ္ပါတယ္။ ဒီေရာဂါဟာ သက္လတ္ပိုင္းအမ်ိဳးသမီးေတြမွာ အျဖစ္မ်ားၿပီး အထူးသျဖင့္ ေက်ာင္းဆရာမ၊ စကၠထရီ၊ အေရာင္းဝန္ထမ္း၊ သူနာျပဳေတြမွာ ပိုၿပီး ျဖစ္ႏိုင္ပါတယ္။
ဒီလိုမ်ိဳးခံစားရတဲ့အခ်ိန္ေတြမွာ အမ်ိဳးသမီးေတြအေနနဲ႔ ဘာကိုမွ မလုပ္ဘဲၿငိမ္ေနျခင္းထက္ မိမိတို႔ႏွစ္သက္ တဲ့ ပံုမွန္အလုပ္ေတြကို ဆက္ၿပီး လုပ္ေနသင့္ပါတယ္။ အျပင္ကို မိသားစု၊ သူငယ္ခ်င္းအေပါင္းအသင္းမ်ားနဲ႔ အလည္အပတ္သြားတာ၊ အာဟာရျပည့္ဝတဲ့ အစားအစာ ေတြစားေသာက္တာ၊ အျပည့္အဝ အနားယူတာ၊ အိပ္စက္တာေတြကိုေတာ့ အထူးဂရုစိုက္ၿပီး လုပ္ေပးသင့္ပါတယ္။ Fibromyalgia ခံစားရတဲ့သူေတြဟာ ေျခေထာက္ေတြပံုပ်က္သြားတာ၊ မသန္စြမ္းေတာ့တာမ်ိဳးအထိျဖစ္တာကေတာ့ နည္းပါတယ္။ ေရာဂါလကၡဏာ ေတာ္ေတာ္ မ်ားမ်ားဟာ ေဆးကုသမႈ ခံယူတာလိုက္တာနဲ႔သက္သာသြားတတ္ပါတယ္။
ဘက္တီးရီးယားေတြ၊ ဗိုင္းရပ္စ္ေတြကူးစက္ဝင္ေရာက္တာ၊ အက္ဆီးဒင့္၊ ေဂါက္ေရာဂါ၊ အရိုးအဆစ္မ်ား ေရာင္ကိုက္တာ အပါအဝင္ တျခားေရာဂါေတြေၾကာင့္ Fibromyalgia ဟာ ပိုဆိုးရြားသြားတတ္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္မွာ ၾကြက္သားမ်ားနာက်င္ျခင္း၊ ရာသီလာစဥ္ နာက်င္ကိုက္ခဲျခင္း (ဒီလကၡဏာကေတာ့ သားအိမ္အေျမွးပါး ေနရာလြဲျခင္းနဲ႔မွားတတ္ပါတယ္)၊ ႏံုးျခင္း၊ ၾကာရွည္ေခါင္းကိုက္ျခင္း၊ မူးေဝျခင္း၊ က်ဥ္ျခင္း၊ အိပ္စက္ခ်ိန္မမွန္ျခင္းတို႔ရွိလာရင္ သတိထားေပးဖို႔လိုအပ္ပါတယ္။
၄။ Lupus
မိမိရဲ့ အဂၤါအစိတ္အပိုင္းေတြကို ရန္သူအမွတ္နဲ႔ ျပန္ဖ်က္ဆီးပစ္တတ္တဲ့ Lupus လို႔အမည္ရတဲ့ေရာဂါဟာ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြမွာ ၉ ဆပိုၿပီးျဖစ္ႏိုင္တဲ့ေရာဂါတစ္ခုပါ။ အလြယ္ကူဆံုးေျပာရရင္ Lupus ဆိုတာ ခႏၶာကိုုယ္ထဲမွာရွိတဲ့ ကိုယ္ခံစြမ္းအားအဖြဲ႔အစည္းကို အလုပ္ပိုလုပ္လိုက္ေစတာပါပဲ။ ဒီအတြက္ ခႏၶာကိုုယ္ မွာရွိတဲ့ အလိုအေလ်ာက္ တံု႔ျပန္တဲ့အဖြဲ႔အစည္း Auto Immune System ဟာ တစ္သွ်ဴးေတြကို ျပန္ဖ်က္ဆီး ပစ္ပါတယ္။ ဒီလိုျဖစ္စဥ္မ်ိဳးဟာ ခႏၶာကိုုယ္အႏွံ႕အျပားမွာ ျဖစ္ႏိုင္ပါတယ္။ ေက်ာက္ကပ္ကိုသာ ထိခိုက္ခဲ့ရင္ အသက္ကိုေတာင္ အႏၱရာယ္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေစာေစာစီးစီး ေရာဂါရွာေတြ႕ဖို႔နဲ႔ ကုသမႈခံယူဖို႔ဟာ အရမ္းကိုအေရးႀကီးပါတယ္။ ဒီေရာဂါကိုကုသတဲ့ေနရာမွာလည္း ေရာင္ရမ္းမႈကို ေလ်ာ့ခ်ဖို႔၊ လကၡဏာေတြကို သက္သာဖို႔ေလာက္သာ စြမ္းေဆာင္ႏိုင္ၿပီး အၿပီးတိုင္ေပ်ာက္ကင္းေအာင္ေတာ့ တာဝန္မယူႏိုင္ေသးပါဘူး။
Lupus ရဲ့ လကၡဏာေတြကေတာ့ အမ်ိဳးမ်ိဳးပါပဲ။ မ်ားေသာအားျဖင့္ေတာ့ အနီေရာင္အကြက္ေတြဟာ ႏွာတံကိုအေျချပဳကာ ပါးျပင္ႏွစ္ဘက္ကို လိပ္ျပာပံုစံမ်ိဳးနဲ႔ ထြက္လာတာေတြ႕ရတတ္ပါတယ္။ တုတ္ေကြးမိတာ နဲ႔တူတဲ့ လကၡဏာေတြ၊ ေမာပန္းျခင္း၊ ဖ်ားျခင္း၊ အစာစားခ်င္စိတ္နည္းလာျခင္း၊ ပ်ိဳ႕အန္ျခင္း၊ အဆစ္နာျခင္း၊ ပိန္လာျခင္း၊ ေသြးအားနည္းျခင္း၊ ေက်ာက္ကပ္ပ်က္စီျခင္း၊ အရိုးအဆစ္မ်ားေရာင္ကိုက္ျခင္း၊ ေသြးအားနည္းျခင္း၊ ေက်ာက္ကပ္ပ်က္စီးျခင္းတို႔ဟာ အျဖစ္မ်ားတာေၾကာင့္ ဒီလိုလကၡဏာေတြေပၚလာရင္ မေပါ့ဆသင့္ေတာ့ပါဘူး။
၅။ သိုင္းရြိဳက္ျပႆနာမ်ား (Thyroid Problems)
လည္ပင္းမွာရွိတဲ့ ဖဲျပားပံုသိုင္းရြိဳက္အက်ိတ္ Thyroid Gland ကေနထြက္တဲ့ သိုင္းရြိဳက္ေဟာ္မုန္း Thyroid Hormone ဟာ ခႏၶာကိုယ္မွာရွိတဲ့ ဆဲလ္ေတြအားလံုးရဲ့ အလုပ္လုပ္တဲ့ေနရာမွာ သက္ေရာက္မႈေတြ ရွိေနပါတယ္။ အဲဒီ သိုင္းရြိဳက္ေဟာ္မုန္းနည္းသြားတာ Hypothyroidism၊ မ်ားသြားတာ Hyperthyroidism ေတြဟာ က်န္းမာေရးကို ထိခိုက္ေစပါတယ္။ အခုလိုသိုင္းရြိဳက္မွာ ျပႆနာျဖစ္ရတာဟာလည္း ခႏၶာကိုယ္ မွာရွိတဲ့ ကိုယ္ခံစြမ္းအားအဖြဲ႔အစည္း အလုပ္လုပ္တာနဲ႔ သက္ဆိုင္ေနပါတယ္။ အေၾကာင္းအရင္း အမ်ိဳးမ်ိဳးေၾကာင့္ Auto Immune System ကေန Antibodies တခ်ိဳ႕ကိုထုတ္လိုက္ၿပီး သူတို႔က Thyroid Gland ကို သြားၿပီး အေႏွာင့္အယွက္ေပးပါတယ္။ သူတို႔ေၾကာင့္ Thyroid Gland ဟာ ပိုၿပီးအလုပ္လုပ္လာၾကသလို အလုပ္လုပ္ႏိုင္တဲ့ စြမ္းအားေတြလည္း ေလ်ာ့ၾကသြားတတ္ပါတယ္။
သိုင္းရြိဳက္နဲ႔ပတ္သက္တဲ့ေရာဂါေတြဟာ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြဆီမွာျဖစ္ေပၚဖို႔ အခြင့္အလမ္း ၅ ဆပိုမ်ားပါတယ္။ အမ်ိဳးသမီးေတြဆိုရင္လည္း အသက္ ၂၀ နဲ႔ ၄၀ၾကားမွာ ပိုၿပီး အျဖစ္မ်ားပါတယ္။ ကူးစက္ပိုးဝင္ေရာက္ၿပီးခ်ိန္ေတြ၊ ဖ်ားနာၿပီးခ်ိန္ေတြမွာ ေတြ႔ရသလို စိတ္ဖိစီးမႈနဲ႔ပတ္သက္တဲ့ အေျခအေနေတြဟာလည္း ဒီေရာဂါေတြရေစတဲ့ အေၾကာင္းအရင္းေတြလို႔ သတ္မွတ္ၾကပါတယ္။ အားလံုးထဲမွာ အျဖစ္ႏိုင္ဆံုးကေတာ့ မိသားစု မ်ိဳးရိုးေရာဂါအခံပါပဲ။ သိုင္းရြိဳက္ေဟာ္မုန္းနည္းတာဟာ စိတ္က်ေရာဂါလိုမ်ိဳး စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြနဲ႔လည္း ဆက္စပ္မႈရွိေနပါတယ္။ စိတ္က်ေရာဂါေၾကာင့္ သိုင္းရြိဳက္ေဟာ္မုန္းနည္းသြားတာ မဟုတ္ေပမယ့္ သိုင္းရြိဳက္ေဟာ္မုန္းနည္းသြားရင္ေတာ့ စိတ္က်ေရာဂါရႏိုင္ပါတယ္။
အမ်ိဳးသားေတြထက္စာရင္ေတာ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သိုင္းရြိဳက္ေဟာ္မုန္းနည္းတဲ့ လကၡဏာေတြကို ပိုၿပီးသတိထားရတယ္။ ကိုယ္ဝန္ေဆာင္သည္ေတြအေနနဲ႔ သိုင္းရြိဳက္စစ္ေဆးတာဟာ အေရးအႀကီးဆံုးပါပဲ။ မိခင္ျဖစ္သူသာ သိုင္းရြိဳက္ ေဟာ္မုန္းနည္းေနရင္ သေႏၶသားရဲ့ စိတ္ပိုင္းဆိုင္ရာဖြံ႔ၿဖိဳးမႈဟာ ေႏွာင့္ေႏွးလာပါတယ္။ သိုင္းရြိဳက္ေဟာ္မုန္းမ်ားတာကေတာ့ အသက္အရြယ္မေရြးျဖစ္ႏိုင္ေပမယ့္ အသက္ ၄၀ ေအာက္၊ ငယ္ရြယ္တဲ့ အမ်ိဳးသမီးေတြမွာပိုၿပီးေတြ႔ရပါတယ္။ သိုင္းရြိဳက္ေဟာ္မုန္းနည္းခ်ိန္၊ မ်ားခ်ိန္မွာျဖစ္တတ္တဲ့ လကၡဏာေတြဟာ မတူပါဘူး။
သိုင္းရြိဳက္ေဟာ္မုန္းနည္းတဲ့သူေတြမွာ ေမာပန္းျခင္း၊ စိတ္က်ျခင္း၊ ခႏၶာကိုယ္အပူခ်ိန္က်ျခင္း၊ ဝလာျခင္း၊ အေရျပားမ်ား ေျခာက္ၿပီး ယားျခင္း၊ အေမြးမ်ားေျခာက္ၿပီး ၾကမ္းလာျခင္း၊ ကြ်တ္ထြက္ျခင္း၊ ႏွလံုးခုန္ ႏႈန္းေႏွးလာျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ မွတ္ဥာဏ္ခ်ိဳ႕တဲ့ျခင္း၊ အာရံုစိုက္ရန္ခက္ခဲျခင္း၊ အသံဩလာျခင္း၊ ရာသီမမွန္ျခင္း၊ ေသြးဆင္းလြန္းျခင္း၊ ၾကြက္သားမ်ားနာျခင္း၊ ကိုယ္ဝန္မရႏိုင္ျခင္း၊ အဆီတက္ျခင္း၊ လည္ပင္းႀကီးျခင္းတို႔ကို ေတြ႕ရတတ္ပါတယ္။
သိုင္းရြိဳက္ေဟာ္မုန္းမ်ားတဲ့အမ်ိဳးသမီးေတြမွာေတာ့ ဂဏာမၿငိမ္ျဖစ္ျခင္း၊ စိတ္တိုလြယ္ျခင္း၊ ကိုယ္အေလးခ်ိန္ က်ျခင္း၊ ႏွလံုးခုန္ျမန္ျခင္း၊ မမွန္ျခင္း၊ ေခြ်းထြက္မ်ားျခင္း၊ အစာစားခ်င္စိတ္ေျပာင္းလဲလာျခင္း၊ အိပ္မေပ်ာ္ျခင္း၊ ျြကက္သားေတြ အားနည္းျခင္း၊ ေျခလက္တုန္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ ရာသီေသြးနည္းလာျခင္း၊ လည္ပင္းႀကီးျခင္း တို႔ျဖစ္ႏိုင္ပါတယ္။ သိုင္းရြိဳက္ေဟာ္မုန္းမ်ားေနတဲ့အမ်ိဳးသမီးေတြဟာ အရိုးပြေရာဂါ၊ ႏွလံုးခုန္မမွန္တဲ့ေရာဂါမ်ိဳး ေတြကို ပိုခံစားရပါတယ္။
အမ်ိဳးသမီးေတြရဲ့ က်န္းမာေရးကို အေလးထားေစာင့္ေရွာက္ျခင္းဟာ အနာဂတ္ေတြကို လွပေအာင္ ဖန္တီး ျခင္းပါပဲ။ တခ်ိဳ႕ေရာဂါေတြဆိုရင္ မိခင္ဆီကေန သားသမီးဆီကို လက္ဆင့္ကမ္းသယ္သြားၿပီး အေမြအျဖစ္ လက္ခံရတတ္တာေၾကင့္ မိခင္ျဖစ္သူအေနနဲ႔ မိမိမွာ ဘယ္လိုခ်ိဳ႕ယြင္းခ်က္ေတြ၊ မူမမွန္တဲ့အေျခအေနေတြ ရွိေနသလဲဆိုတာကို အာရံုစိုက္သင့္ပါတယ္။ သတိဆိုတာ ပိုတယ္လို႔မရွိပါဘူး။ တိတ္တဆိတ္ဝင္ေရာက္လာႏိုင္တဲ့ ရန္သူေတြကို မိမိတို႔ဘက္က လက္ဦးမႈယူထားဖို႔ အေရးႀကီးပါတယ္။ “ကုသျခင္းထက္ ကာကြယ္ျခင္းဟာ ပိုထိေရာက္တယ္” ဆိုတာကိုလည္း ေရွ႕အဆက္ဆက္တည္းက ဆိုခဲ့ပါၿပီ။ ဒါေၾကာင့္ မိခင္မွစၿပီး ဘဝေတြအားလံုး သာယာေစဖို႔အတြက္ ခႏၶာကိုယ္ရဲ့ ကိုက္ခဲမႈတိုင္း၊ နာက်င္မႈတိုင္းကို မ်က္ေျခမျပတ္ေျခရာခံၾကည့္ၾကပါစို႕။
ႏွင္းႏုလြင္ (ေဆးဝါး)
စရဏမဂၢဇင္း (ဇြန္၊ ၂၀၁၀)
>>>>> Unicode Version <<<<<
အမျိုးသမီးများ၏ တိတ်တဆိတ်ရန်သူများ
“ပုခက်လွှဲတဲ့လက်ဟာ ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်စွမ်းရှိတယ်” ဆိုတဲ့ အဆိုကို လူတိုင်းသိကြပေမယ့် ပုခက်လွဲမယ့် လက်ပိုင်ရှင်အမျိုးသမီးတွေဟာ မထင်မရှားရောဂါတွေကို ခံစားနေရတာကိုတော့ လူတိုင်းမသိပါဘူး။ တချို့ အမျိုးသမီးတွေဆိုရင် မိမိတို့မှာ ဒီလိုမျိုးရောဂါတွေရှိနေတယ်ဆိုတာကိုတောင် မရိပ်စားမိကြပါဘူး။ ကမ္ဘာပေါ် မှာရှိတဲ့ သန်းပေါင်းများစွာသော အမျိုးသမီးတွေဟာ သူတို့ဆီကို တိတ်တဆိတ်ဝင်ရောက်နေတဲ့ အခြေအနေတွေကို သတိမထားမိကြပါဘူး။ အဲဒီရောဂါတွေဟာ သာမန်ဖြစ်နေကျ အပယိကနာဖျားမှု လက္ခဏာတွေကိုသာ ဟန်ပြ အနေနဲ့ ဖော်ပြတတ်တာကြောင့် တော်တော်များများက သူ့ကို ရောဂါတစ်ခုလို့ မသတ်မှတ်တော့ဘဲ ပေါ့ပေါ့ဆဆ နေမိတတ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ဘာကြောင့် မှန်းမသိဘဲ နုုံးနေတာ၊ ပိန်လာတာ၊ ဝလာတာ၊ ြွကက်သားများနာကျင်တာ၊ ဗိုက်နာတာ၊ ရာသီလာစဉ်ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲတာမျိုးရှိလာခဲ့ရင်တော့ အဲဒီအမျိုးသမီးမှာ တစ်စုံတစ်ရာမှားယွင်းနေပြီလားဆိုတာကို ပြန်ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။
၁။ သားအိမ်အမြှေးပါး နေရာလွဲခြင်း (Endometriosis)
Endometrium ဆိုတာ သားအိမ်အတွင်းမှာ တည်ရှိနေတဲ့အလွှာဖြစ်ပြီး သူ့ဆီမှာ ဂလင်း (Glands)တွေ အများကြီးရှိပါတယ်။ အမျိုးသမီးတစ်ယောက်ရာသီသွေးပေါ်ချိန်ကနေ သားဥကြွေချိန်အတွင်း အဲဒီအလွှာဟာ ပိုပြီး ထူလာပါတယ်။ သားဥကြွေချိန်ရောက်လို့မှ သန္ဓေတည်ခွင့်မရဘူးဆိုရင်တော့ အဲဒီအလွှာဟာ ကွာကျပြီး အပြင်ကို သွေးတွေအနေနဲ့ထွက်သွားပါတယ်။ ဒါကို ရာသီလာတယ်လို့သတ်မှတ်ကြတာပါ။ သားအိမ်အမြှေးပါး နေရာလွဲ တယ်ဆိုတာကတော့ သားအိမ်အတွင်းမှာရှိရမယ့် Endometrium အလွှာဟာ တခြားနေရာတွေကို လွဲမှားစွာ ရောက်ရှိနေခြင်းပါ။ များသောအားဖြင့်တော့ ဝမ်းဗိုက်၊ ဆီးအိမ်တို့ဆီကို ရောက်တာများပါတယ်။
အဲဒီနေရာတွေမှာလည်း Endometrium အလွှာတွေဟာ ရာသီလာသလိုပဲ အချိန်တန်ရင် ကွာကျ နေပေမယ့် ဒီသွေးတွေဟာ အပြင်ကို ထွက်ခွင့်မရပါဘူး။ အဲဒီကနေသူတို့ဟာ အရည်အိတ်တွေအဖြစ် တဖြည်းဖြည်း ကြီးထွားလာပြီး ကြာလာရင် စပျစ်သီးခိုင်လိုမျိုး ဖြစ်လာပါတယ်။ ဒီအခါမှာ ပြင်းပြင်းထန်ထန်နာကျင်ခြင်း၊ အတွင်းပိုင်းမှာ သွေးယိုခြင်း၊ သွေးနှင့် တစ်သျှူးများ ပုပ်သိုးခြင်း၊ တစ်သျှူးများရောင်ရမ်းခြင်းတို့ကို နောက်ဆက်တွဲ အနေနဲ့ ကြံုတွေ့ရပါလိမ့်မယ်။
သားအိမ်အမြှေးပါး နေရာလွဲခြင်း (Endometriosis) ဟာ ဆီးအိမ်တွေ၊ အူတွေရဲ့ အလုပ်လုပ်တဲ့နေရာ၊ လှုပ်ရှားတဲ့နေရာတွေမှာပါ အခက်အခဲတွေဖြစ်လာစေပါတယ်။ ဒီရောဂါကိုခံစားရတော့မယ်ဆိုရင် ရာသီလာစဉ်မှာ ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲခြင်း၊ ခါးနာခြင်း၊ ခြေထောက်နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ အမျိုးသားနှင့် အတူနေစဉ်နာကျင်ခြင်း၊ ဆီးသွားစဉ် နာခြင်း (သို့) ပူခြင်း၊ ဝမ်းဗိုက် ြွကက်တက်ခြင်း၊ ဆီးသွားရင်း သွေးပါခြင်းတို့ကို ကြံုတွေ့ရတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ဟာ ရာသီလာစဉ်နာကျင်တယ် ဆိုတာကို ပုံမှန်ဆိုပြီး ပေါ့ပေါ့တန်တန်သဘောမထားဘဲ နောက်ဆက်တွဲလက္ခဏာ တွေကို မျက်ချေမပြတ် စောင့်ကြည့်သင့်ပါတယ်။
၂။ တာရှည်ပင်ပန်းမှုရောဂါစု (Chronic Fatigue Syndrome – CFS)
CFS ကိုခံစားရတဲ့အမျိုးသမီးတွေကျတော့ အကြောင်းရင်းမရှိဘဲ မောပန်းနေတတ်ပါတယ်။ မောပန်း နွမ်းနယ်မှုဟာ အရမ်းပြင်းထန်တာကြောင့် နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို အဟန့်အတားဖြစ်လာပါတယ်။ ညဘက်တွေမှာကောင်းစွာ အိပ်စက်ပြီးအနားယူတာတောင် ပင်ပန်းနွမ်းနယ်မှုတွေဟာ ပျောက်ကွယ်မသွားပါဘူး။ ရုတ်တရက် ဆက်တိုက်ပင်ပန်းနေတာမျိုးဖြစ်တတ်သလို ပြတ်တောင်းပြတ်တောင်းနဲ့ ပြင်းပြင်းထန်ထန် ခံစားရ တတ်တာမျိုးလည်းရှိပါတယ်။ ဒီလိုခံစားရတာတွေဟာ လပေါင်းများစွာကနေ နှစ်တွေအထိတောင် ကြာတတ် ပါတယ်။
များသောအားဖြင့်တော့ CFS ဟာ လေပြွန််ရောင်တာ၊ အသည်းရောင်တာ၊ အူနဲ့ပတ်သက်တဲ့ရောဂါတွေ၊ ရိုးရိုးအအေးမိတာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ တွေ့ရတတ်ပါတယ်။ တခါတလေတော့လည်း ဘာရောဂါနဲ့ မှမတွဲဘဲ သီးခြားခံစားရတတ်ပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေဟာ ပြင်းထန်ပြီး အမြဲ လိုလိုခံစားနေရမယ်၊ အလုပ်အကိုင်တွေ၊ ပေါင်းသင်းဆက်ဆံရေးတွေကိုပါ ထိခိုက်လာမယ်ဆိုရင်တော့ သက်ဆိုင် ရာဆရာဝန်နဲ့ပြသပြီး ရောဂါအကြောင်း ဆွေးနွေးဖို့လိုအပ်လာပါပြီ။
CFS ကိုကုသမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကိုပါ ထည့်တွက်ရပါလိမ့်မယ်။ CFS ကို အပြီးတိုင်သက်သာပျောက်ကင်းစေတယ်ဆိုတဲ့ ဆေးမျိုးတော့ မရှိသေးပါဘူး။ လောလောဆယ် သက်သာဖို့၊ ကာကွယ်ဖို့လောက်ပဲ တတ်နိုင်ပါတယ်။ အားကစားလုပ်တာကတော့ ရုပ်ပိုင်းဆိုင်ရာ နွမ်းနယ်မှုတွေကို သက်သာစေပြီး စိတ်ကျရောဂါရဲ့လက္ခဏာဆိုရင်လည်း စိတ်ကျရောဂါကိုကုသတဲ့ ဆေးများကို သုံးစွဲပေးရင် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။
CFS ဖြစ်ရတဲ့အကြောင်းအရင်းကိုတော့ အခုထက်ထိ တိတိကျကျ မသိရသေးပါဘူး။ သွေးထဲမှာ သံဓါတ်နည်းနေခြင်း၊ သွေးတွင်းသကြားဓါတ်လျော့ကျနေခြင်း၊ ပတ်ဝန်းကျင်နှင့် ဓါတ်မတည့်မှု၊ မှိုစွဲကပ်ခြင်း တို့ကြောင့် ဖြစ်ရတယ်လို့လည်းခန့်မှန်းကြပါတယ်။ CFS ခံစားနေရတဲ့ အမျိုးသမီးတွေဟာ အချိန်ကြာလာတာနဲ့ အမျှ စိတ်ကျရောဂါကိုပါ တွဲဖက်ခံစားရတတ်တာကြောင့် သတိထားဖို့လိုပါတယ်။ ခေါင်းကိုက်ခြင်း၊ ပြန်ရည်ကျိတ်များနာကျင်ခြင်း၊ နုံးနေခြင်း၊ အားနည်းခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများနာခြင်း၊ အာရုံမစိုက်နိုင် ခြင်းတို့ဟာ CFS ကို ကြိုတင်သိနိုင်တဲ့ သဲလွန်စတွေဖြစ်တာကြောင့် အဲဒီလက္ခဏာတွေထဲက ၄ ခုလောက်ရှိနေရင် CFS ဖြစ်နေတယ်လို့ သတ်မှတ်လို့ရပါတယ်။
၃။ မျှင်ထူြွကက်သားများရောင်ရမ်းခြင်း (Fibromyalgia)
မျှင်ထူြွကက်သားတွေ ရောင်ရမ်းတယ်ဆိုတာ ကြွက်သားတွေ၊ အရိုးတွေကိုတွယ်ဆက်ထားတဲ့ အရွတ်တွေ၊ အရိုးတွေကို ဆိုင်းထားတဲ့တွယ်ဆက်တစ်သျှူးတွေ ရောင်ရမ်းတာပါပဲ။ ဆေးပညာအသုံးအနှုန်းနဲ့ဆိုရင်တော Fibromyalgia Syndrome လို့သတ်မှတ်ကြပါတယ်။ လူနာတွေအနေနဲ့ အလုပ်ပင်ပင်ပန်းပန်းလုပ်ထားရသလို နာကျင်နေတတ်ပါတယ်။ ဒီရောဂါဟာ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ အဖြစ်များပြီး အထူးသဖြင့် ကျောင်းဆရာမ၊ စက္ကထရီ၊ အရောင်းဝန်ထမ်း၊ သူနာပြုတွေမှာ ပိုပြီး ဖြစ်နိုင်ပါတယ်။
ဒီလိုမျိုးခံစားရတဲ့အချိန်တွေမှာ အမျိုးသမီးတွေအနေနဲ့ ဘာကိုမှ မလုပ်ဘဲငြိမ်နေခြင်းထက် မိမိတို့နှစ်သက် တဲ့ ပုံမှန်အလုပ်တွေကို ဆက်ပြီး လုပ်နေသင့်ပါတယ်။ အပြင်ကို မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ အလည်အပတ်သွားတာ၊ အာဟာရပြည့်ဝတဲ့ အစားအစာ တွေစားသောက်တာ၊ အပြည့်အဝ အနားယူတာ၊ အိပ်စက်တာတွေကိုတော့ အထူးဂရုစိုက်ပြီး လုပ်ပေးသင့်ပါတယ်။ Fibromyalgia ခံစားရတဲ့သူတွေဟာ ခြေထောက်တွေပုံပျက်သွားတာ၊ မသန်စွမ်းတော့တာမျိုးအထိဖြစ်တာကတော့ နည်းပါတယ်။ ရောဂါလက္ခဏာ တော်တော် များများဟာ ဆေးကုသမှု ခံယူတာလိုက်တာနဲ့သက်သာသွားတတ်ပါတယ်။
ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကူးစက်ဝင်ရောက်တာ၊ အက်ဆီးဒင့်၊ ဂေါက်ရောဂါ၊ အရိုးအဆစ်များ ရောင်ကိုက်တာ အပါအဝင် တခြားရောဂါတွေကြောင့် Fibromyalgia ဟာ ပိုဆိုးရွားသွားတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်မှာ ကြွက်သားများနာကျင်ခြင်း၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း (ဒီလက္ခဏာကတော့ သားအိမ်အမြှေးပါး နေရာလွဲခြင်းနဲ့မှားတတ်ပါတယ်)၊ နုံးခြင်း၊ ကြာရှည်ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ကျဉ်ခြင်း၊ အိပ်စက်ချိန်မမှန်ခြင်းတို့ရှိလာရင် သတိထားပေးဖို့လိုအပ်ပါတယ်။
၄။ Lupus
မိမိရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ရန်သူအမှတ်နဲ့ ပြန်ဖျက်ဆီးပစ်တတ်တဲ့ Lupus လို့အမည်ရတဲ့ရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ၉ ဆပိုပြီးဖြစ်နိုင်တဲ့ရောဂါတစ်ခုပါ။ အလွယ်ကူဆုံးပြောရရင် Lupus ဆိုတာ ခန္ဓာကိုုယ်ထဲမှာရှိတဲ့ ကိုယ်ခံစွမ်းအားအဖွဲ့အစည်းကို အလုပ်ပိုလုပ်လိုက်စေတာပါပဲ။ ဒီအတွက် ခန္ဓာကိုုယ် မှာရှိတဲ့ အလိုအလျောက် တုံ့ပြန်တဲ့အဖွဲ့အစည်း Auto Immune System ဟာ တစ်သျှူးတွေကို ပြန်ဖျက်ဆီး ပစ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးဟာ ခန္ဓာကိုုယ်အနှံ့အပြားမှာ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ကိုသာ ထိခိုက်ခဲ့ရင် အသက်ကိုတောင် အန္တရာယ်ဖြစ်စေပါတယ်။ ဒါကြောင့် စောစောစီးစီး ရောဂါရှာတွေ့ဖို့နဲ့ ကုသမှုခံယူဖို့ဟာ အရမ်းကိုအရေးကြီးပါတယ်။ ဒီရောဂါကိုကုသတဲ့နေရာမှာလည်း ရောင်ရမ်းမှုကို လျော့ချဖို့၊ လက္ခဏာတွေကို သက်သာဖို့လောက်သာ စွမ်းဆောင်နိုင်ပြီး အပြီးတိုင်ပျောက်ကင်းအောင်တော့ တာဝန်မယူနိုင်သေးပါဘူး။
Lupus ရဲ့ လက္ခဏာတွေကတော့ အမျိုးမျိုးပါပဲ။ များသောအားဖြင့်တော့ အနီရောင်အကွက်တွေဟာ နှာတံကိုအခြေပြုကာ ပါးပြင်နှစ်ဘက်ကို လိပ်ပြာပုံစံမျိုးနဲ့ ထွက်လာတာတွေ့ရတတ်ပါတယ်။ တုတ်ကွေးမိတာ နဲ့တူတဲ့ လက္ခဏာတွေ၊ မောပန်းခြင်း၊ ဖျားခြင်း၊ အစာစားချင်စိတ်နည်းလာခြင်း၊ ပျို့အန်ခြင်း၊ အဆစ်နာခြင်း၊ ပိန်လာခြင်း၊ သွေးအားနည်းခြင်း၊ ကျောက်ကပ်ပျက်စီခြင်း၊ အရိုးအဆစ်များရောင်ကိုက်ခြင်း၊ သွေးအားနည်းခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ဟာ အဖြစ်များတာကြောင့် ဒီလိုလက္ခဏာတွေပေါ်လာရင် မပေါ့ဆသင့်တော့ပါဘူး။
၅။ သိုင်းရွိုက်ပြဿနာများ (Thyroid Problems)
လည်ပင်းမှာရှိတဲ့ ဖဲပြားပုံသိုင်းရွိုက်အကျိတ် Thyroid Gland ကနေထွက်တဲ့ သိုင်းရွိုက်ဟော်မုန်း Thyroid Hormone ဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေအားလုံးရဲ့ အလုပ်လုပ်တဲ့နေရာမှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ အဲဒီ သိုင်းရွိုက်ဟော်မုန်းနည်းသွားတာ Hypothyroidism၊ များသွားတာ Hyperthyroidism တွေဟာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အခုလိုသိုင်းရွိုက်မှာ ပြဿနာဖြစ်ရတာဟာလည်း ခန္ဓာကိုယ် မှာရှိတဲ့ ကိုယ်ခံစွမ်းအားအဖွဲ့အစည်း အလုပ်လုပ်တာနဲ့ သက်ဆိုင်နေပါတယ်။ အကြောင်းအရင်း အမျိုးမျိုးကြောင့် Auto Immune System ကနေ Antibodies တချို့ကိုထုတ်လိုက်ပြီး သူတို့က Thyroid Gland ကို သွားပြီး အနှောင့်အယှက်ပေးပါတယ်။ သူတို့ကြောင့် Thyroid Gland ဟာ ပိုပြီးအလုပ်လုပ်လာကြသလို အလုပ်လုပ်နိုင်တဲ့ စွမ်းအားတွေလည်း လျော့ကြသွားတတ်ပါတယ်။
သိုင်းရွိုက်နဲ့ပတ်သက်တဲ့ရောဂါတွေဟာ အမျိုးသားတွေထက် အမျိုးသမီးတွေဆီမှာဖြစ်ပေါ်ဖို့ အခွင့်အလမ်း ၅ ဆပိုများပါတယ်။ အမျိုးသမီးတွေဆိုရင်လည်း အသက် ၂၀ နဲ့ ၄၀ကြားမှာ ပိုပြီး အဖြစ်များပါတယ်။ ကူးစက်ပိုးဝင်ရောက်ပြီးချိန်တွေ၊ ဖျားနာပြီးချိန်တွေမှာ တွေ့ရသလို စိတ်ဖိစီးမှုနဲ့ပတ်သက်တဲ့ အခြေအနေတွေဟာလည်း ဒီရောဂါတွေရစေတဲ့ အကြောင်းအရင်းတွေလို့ သတ်မှတ်ကြပါတယ်။ အားလုံးထဲမှာ အဖြစ်နိုင်ဆုံးကတော့ မိသားစု မျိုးရိုးရောဂါအခံပါပဲ။ သိုင်းရွိုက်ဟော်မုန်းနည်းတာဟာ စိတ်ကျရောဂါလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ စိတ်ကျရောဂါကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းသွားတာ မဟုတ်ပေမယ့် သိုင်းရွိုက်ဟော်မုန်းနည်းသွားရင်တော့ စိတ်ကျရောဂါရနိုင်ပါတယ်။
အမျိုးသားတွေထက်စာရင်တော့ အမျိုးသမီးတစ်ယောက်ဟာ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ လက္ခဏာတွေကို ပိုပြီးသတိထားရတယ်။ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ သိုင်းရွိုက်စစ်ဆေးတာဟာ အရေးအကြီးဆုံးပါပဲ။ မိခင်ဖြစ်သူသာ သိုင်းရွိုက် ဟော်မုန်းနည်းနေရင် သန္ဓေသားရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဟာ နှောင့်နှေးလာပါတယ်။ သိုင်းရွိုက်ဟော်မုန်းများတာကတော့ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက် ၄၀ အောက်၊ ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာပိုပြီးတွေ့ရပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းချိန်၊ များချိန်မှာဖြစ်တတ်တဲ့ လက္ခဏာတွေဟာ မတူပါဘူး။
သိုင်းရွိုက်ဟော်မုန်းနည်းတဲ့သူတွေမှာ မောပန်းခြင်း၊ စိတ်ကျခြင်း၊ ခန္ဓာကိုယ်အပူချိန်ကျခြင်း၊ ဝလာခြင်း၊ အရေပြားများ ခြောက်ပြီး ယားခြင်း၊ အမွေးများခြောက်ပြီး ကြမ်းလာခြင်း၊ ကျွတ်ထွက်ခြင်း၊ နှလုံးခုန် နှုန်းနှေးလာခြင်း၊ ဝမ်းချုပ်ခြင်း၊ မှတ်ဉာဏ်ချို့တဲ့ခြင်း၊ အာရုံစိုက်ရန်ခက်ခဲခြင်း၊ အသံဩလာခြင်း၊ ရာသီမမှန်ခြင်း၊ သွေးဆင်းလွန်းခြင်း၊ ကြွက်သားများနာခြင်း၊ ကိုယ်ဝန်မရနိုင်ခြင်း၊ အဆီတက်ခြင်း၊ လည်ပင်းကြီးခြင်းတို့ကို တွေ့ရတတ်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းများတဲ့အမျိုးသမီးတွေမှာတော့ ဂဏာမငြိမ်ဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မမှန်ခြင်း၊ ချွေးထွက်များခြင်း၊ အစာစားချင်စိတ်ပြောင်းလဲလာခြင်း၊ အိပ်မပျော်ခြင်း၊ ြွကက်သားတွေ အားနည်းခြင်း၊ ခြေလက်တုန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရာသီသွေးနည်းလာခြင်း၊ လည်ပင်းကြီးခြင်း တို့ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများနေတဲ့အမျိုးသမီးတွေဟာ အရိုးပွရောဂါ၊ နှလုံးခုန်မမှန်တဲ့ရောဂါမျိုး တွေကို ပိုခံစားရပါတယ်။
အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို အလေးထားစောင့်ရှောက်ခြင်းဟာ အနာဂတ်တွေကို လှပအောင် ဖန်တီး ခြင်းပါပဲ။ တချို့ရောဂါတွေဆိုရင် မိခင်ဆီကနေ သားသမီးဆီကို လက်ဆင့်ကမ်းသယ်သွားပြီး အမွေအဖြစ် လက်ခံရတတ်တာကြေင့် မိခင်ဖြစ်သူအနေနဲ့ မိမိမှာ ဘယ်လိုချို့ယွင်းချက်တွေ၊ မူမမှန်တဲ့အခြေအနေတွေ ရှိနေသလဲဆိုတာကို အာရုံစိုက်သင့်ပါတယ်။ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး။ တိတ်တဆိတ်ဝင်ရောက်လာနိုင်တဲ့ ရန်သူတွေကို မိမိတို့ဘက်က လက်ဦးမှုယူထားဖို့ အရေးကြီးပါတယ်။ “ကုသခြင်းထက် ကာကွယ်ခြင်းဟာ ပိုထိရောက်တယ်” ဆိုတာကိုလည်း ရှေ့အဆက်ဆက်တည်းက ဆိုခဲ့ပါပြီ။ ဒါကြောင့် မိခင်မှစပြီး ဘဝတွေအားလုံး သာယာစေဖို့အတွက် ခန္ဓာကိုယ်ရဲ့ ကိုက်ခဲမှုတိုင်း၊ နာကျင်မှုတိုင်းကို မျက်ခြေမပြတ်ခြေရာခံကြည့်ကြပါစို့။
နှင်းနုလွင် (ဆေးဝါး)
စရဏမဂ္ဂဇင်း (ဇွန်၊ ၂၀၁၀)
No comments: